BWL part 13

15 2 0
                                    

"ချာတိတ်"

"ဟင်"

တည်ကြည်သည် ခုနှစ် ၁၀ တန်းဖြစ်သည်။သို့သော် အရမ်း အားယားနေပုံ။ဒီလိုမျိုး ပေါ့ပေါ့သာနေနေရင် သူ ၁၀ တန်းကျဖို့သာရှိမည်ဖြစ်သည်။တည်ကြည်သည်ပင်မဟုတ် ထင်သစ်သည်လည်း တည်ကြည်လိုပင် အေးဆေး။နွရောသီပိတ်တုန်းကလည်း သူများတွေလို ကျုရှင်ကြိုမတက်ကျ။

ဟိုတစ်လောက ရုတ်တရက်ပျောက်သွားပြီး ပြန်ပေါ်လာခဲ့သည်မှာ နှစ်ရက်ပင်ရှိသေးသည်။ကျူရှင်ကလည်း ခုနှစ်တူတူဖြစ်နေသည်မလို့ ထင်မြတ်ကိုနှောင့်ယှက်ရန် အရမ်းအားနေပုံရသည်။

"ဘာလုပ်နေတာလည်း"

"ကျွန်တော် ဘာလုပ်နေတာတွေ့လည်း"

"Bio ကျက်နေတာလေ "

စိတ်လေတယ် ဆိုသော အကြည့်နှင့်သူ့ကို ကြည့်သွားသော ချာတိတ်အားသူမကျေနပ်ပါ။

"ချာတိတ်"

"ဘာတုန်း ခင်ဗျားရ"

"ဟွန်း ကိုယ့်ကို အသံမာမာနဲ့ပြောနေပြီပေါ့"

"ပြောတယ် ဘာဖြစ်လည်း ဒီမှာစာကျက်နေတာကို ဘာလို့လိုက်ကပ်နေတာတုန်း"

"ဆရာမရေ ဒီမှာ ကလေးတွေစာမကျက်ဘူး"

"ဟာ"

တည်ကြည် ဆရာမကို အားကိုးတကြီးနှင့်လှမ်းအော်ပင်မဲ့ ဆရာမကတော့ သူ့ကိုအရေးတောင်မလုပ်။ကျူရှင်ဆင်းခါနီးပြီဖြစ်၍ လွှတ်ပေးထားပုံရသည်။မိုးကလည်းတက်လာသည်။အမြဲ ကျူရှင်ဆင်းချိန်၊တက်ချိန် ကျောင်းဆင်းချိန်၊တက်ချိန်ဆိုရင် ရွာသည်။သူ့မှာကလည်း ထီးပဲပါသည်။အခြားသူငယ်ချင်းတွေကတော့ မိုးကာပါကြသည်။ထီးပဲဆောင်းကာ ကျောင်းသွားတော့မည်ဟု ဆုံးဖြတ်ကာပင် နေရာမှထလာခဲ့သည်။
ခုနက ကပ်နေသော တည်ကြည်မှာတော့အပြင်ရောက်သွားချေပြီ။

"ဆရာမ သားစက်ဘီးကျူရှင်မှာထားခဲ့လို့ရလား"

"အခိုးခံရနေဦးမယ် ယူသွားလိုက်ပါကျောင်းကိုပဲ"

"ဟုတ်ဟုတ်"

ကျူရှင်ကနှစ်တန်းပေါင်းဆင်းလိုက်သည်မို့ လူနည်းနည်းရှုပ်နေ၍ အိမ်ပြင်မထွက်သေးပဲ အိမ်ပေါက်ဝမှာရပ်၍ ထင်မြတ် အပြင်ကိုခေါင်းထုတ်ကြည့်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Aug 23 ⏰

Add this story to your Library to get notified about new parts!

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now