အပိုင်း - ၁ (ငွေကြေးဆိုင်ရာ သဘောတူညီချက်)

111 17 1
                                    

အပိုင်း - ၁ (ငွေကြေးဆိုင်ရာ သဘောတူညီချက်)

စုန့်စစ်ဟန် ခေါင်းမော့လိုက်သည့်အခါ သူ့မျက်နှာချင်းဆိုင်ရှိ အမျိုးသားက သူ့ကို ကြည့်နေတာကို သတိထားမိလိုက်သည်။
အဲ့ဒီ့လူကို အမျိုးသားလို့ခေါ်ဖို့က မသင့်တော်ပါပေ။

အလွန်ဆုံးမှ အသက် နှစ်ဆယ်ကျော်လောက်သာ ရှိသေးပုံရပြီး အဖြူရောင်အားကစား အင်္ကျီကိုဝတ်ထား တဲ့ သူ့ပုံစံက ရှင်းသန့်နေကာ အားအင်ပြည့်ဝတဲ့ လက်မောင်းတစ်စုံကိုလည်း ဖော်ပြထားသည်။

နှစ်ယောက်သားက ကြည်လင်ဖောက်ထွင်းမြင်ရမတတ်ဖြစ်နေတဲ့ အဖြူရောင်စကျင်ကျောက် ကော်ဖီ စားပွဲပေါ်ကနေ တစ်ယောက်ကို တစ်ယောက် စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေကြခြင်းပင်။

“ ငါပြောတာ နားလည်ရဲ့လား?” စုန့်စစ်ဟန် သည် တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်ပြီး လက်ညှိုးဖြင့် စကျင်ကျောက်စားပွဲအား အသာအယာ ပုတ်လိုက်သည်။

ဒီတိုးညင်းလှတဲ့ အသံက သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်နေတဲ့ လေထုကို ဖြတ်တောက်ပစ်လိုက်သည့် ဓားသွားပါးပါးလိုပင်။

“ခင်ဗျား ဆိုလိုချင်တာက… ခင်ဗျားက.. ကျွန့်တော့်ကို… ထောက်ပံ့ပေးချင်တာ?”
လူငယ်က အကူအညီမဲ့စွာဖြင့် ပြုံးလိုက်ပြီး သူ၏ ဆံပင်တိုတိုကို လက်များဖြင့် ထိုးဖွလိုက်သည်။ “ကျွန်တော်တို့ရဲ့ အရင်က ဆက်ဆံရေးကို ခင်ဗျား နားလည်မှုလွဲနေတာလား?”

စုန့်စစ်ဟန် က လူငယ်ကိုစိုက်ကြည့်ကာ: “နားလည်မှုလွဲတာ? အဲ့ဒီ့နေ့က ငါမင်းကို ကတိတွေပေးခဲ့သေးလား?”

လူငယ်က ပုခုံးတွန့်ပြလိုက်ပြီး ရယ်မောရင်း : “မပေးခဲ့ပါဘူး”

“ ဒါပေမဲ့ ဒီနေ့ ခင်ဗျားကိုကြည့်ရတာ မရင်းနှီးတော့သလိုပဲ” လူငယ်က ဆက်ပြီး “ ခင်ဗျားတပ်ထားတဲ့ မျက်မှန်နဲ့ ဒီလို ဝတ်စားထားပုံမျိုးက, အဲ့ဒီ့နေ့ကနဲ့.. နည်းနည်း ကွဲထွက်နေတယ်”

စုန့်စစ်ဟန် က တင်းကြပ်နေတဲ့ သူ့လည်ပင်းကော်လာကို ဖြည်လိုက်သည်။ သူ့တွင် မျက်လုံးပြဿနာအနည်းငယ်ရှိပြီး အစည်းအဝေးများမှလွဲ၍ မျက်မှန်အားတပ်ခဲလှသည်။ ဒီနေ့တော့ ဒီကိုလာဖို့ အလျင်လိုနေတဲ့အတွက် မျက်မှန်ချွတ်ဖို့ မေ့သွားခဲ့တာပင်။

Disobedience to Control || ထိန်းချုပ်မှုအား နာခံလိုခြင်းမရှိ || (မြန်မာဘာသာပြန်)Where stories live. Discover now