အပိုင်း - ၂ (ခင်ဗျားပဲ ကျွန်တော့်ကို ရွေးခဲ့တာ မဟုတ်လား?)

101 12 1
                                    

အပိုင်း - ၂ (ခင်ဗျားပဲ ကျွန်တော့်ကို ရွေးခဲ့တာ မဟုတ်လား?)

ယန်ရှောင်ပေ ကို စုန့်စစ်ဟန်တွေ့ခဲ့တာက ချုံယန်ပွဲတော်နေ့ ညနေခင်းမှာပင်။ အချိန်က
ကိုးနာရီခွဲနေပြီ ဖြစ်ပြီး မင်နက်ရည်လို မည်းမှောင်နေတဲ့ ညချမ်းမှာ လူတွေရဲ့ ဆူညံသံတွေသာ ရှိနေခဲ့သည်။

စုန့်စစ်ဟန် ထိုင်နေတဲ့နေရာက စပီကာနဲ့အလွန်နီးကပ်စွာ တည်ရှိနေပြီး လေထုထဲက ဖုန်တွေရဲ့ တုန်ခါသံတွေကိုပင် ကြားနေရကာ အလွန် ဆူညံလှသည်။

သူ့နားမှာရှိနေတဲ့လူတွေက ကျယ်ကျယ်လောင်လောင် စကားပြောနေကြ‌ပေမဲ့ စုန့်စစ်ဟန် သူတို့ဘာ ပြောနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မကြားရပါပေ။

စုန့်စစ်ဟန် ဆိုဖာနောက်မှီပေါ်တင်ထားတဲ့ သူ့ရဲ့လက်ကို ပြန်ချလိုက်ပြီး ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ စမ်းနေရင်း သူ့ စီးကရက်ဘူးက ကားပေါ်ကျန်ခဲ့တာကို သတိရသွားသည်။

လွန်ခဲ့သည့် သုံးနာရီက သူသည် ကုမ္ပဏီတွင် ရှိနေကာ တင်းနစ်ကွင်းသို့သွားပြီး လေ့ကျင့်ရန်အတွက် အဝတ်အစား လဲနေခြင်းဖြစ်သည်။ စုန့်စစ်ဟန်မှာ တစ်နှစ်ပတ်လုံး တင်းနစ်ကလပ်မှာ ထားတဲ့ လေ့ကျင့်ရေး အဝတ်အစား နှစ်စုံရှိ‌ပေမဲ့လည်း တင်းနစ်
ကွင်းသို့ သွားရသည့် ခရီးက အနည်းငယ်ဝေးတာကြောင့် ခရီးမထွက်မီ ပေါ့ပေါ့ပါးပါးအ၀တ်အစားကို လဲကာဝတ်ဆင်‌လေ့ရှိသည်။

ဒါပေမယ့် အဝတ်အစားလဲပြီး မိနစ်အနည်းငယ်အကြာမှာပဲ သူ့ရဲ့အတွင်းရေးမှူး လီခဲ့ က ရုံးခန်းမှန်တံခါးကို တွန်းဖွင့်လာကာ ဒီည မြို့အနောက်ဘက်မှာရှိတဲ့ ဖောက်သည်တစ်ယောက်က စုဝေးပွဲ လုပ်မှာဖြစ်ပြီး အဲ့ပွဲမှာပါဝင်ဖို့ စုန့်စစ်ဟန်အား ဖိတ်ထားသည်ဟု ပြောလာသည်။

လီခဲ့ က သူ့ဖုန်းကိုဖွင့်ပြီး တစ်ဖက်လူဆီ မှ ပို့ထားသည့် ဝီချက် မက်ဆေ့ဂ်ျ ကို စုန့်စစ်ဟန်အား ပြကာ: "ငါ ငြင်းခဲ့တယ်။ ဒါပေမဲ့ ဒီ လင်းရှောင်ရယ် က မင်းမရှိရင် ပွဲစည်မှာ မဟုတ်ဘူးလို့ ခေါင်းမာမာနဲ့ ပြောပြီး မင်း ကို လာစေချင်နေတယ်။"

Disobedience to Control || ထိန်းချုပ်မှုအား နာခံလိုခြင်းမရှိ || (မြန်မာဘာသာပြန်)Where stories live. Discover now