အပိုင်း - ၃ (အပြာရောင်မှတ်စု)

90 9 2
                                    

အပိုင်း - ၃ (အပြာရောင်မှတ်စု)

လွန်ခဲ့တဲ့ငါးနာရီက ဒီလို ချမ်းစီးလှသည့် ချုံယန်ပွဲတော်နေ့မှာ သူ တစ်ခါတည်းသာ တွေ့ဖူးတဲ့ စာပွဲထိုးလေးနဲ့ ကုတင်ထက်တွင် လူးလိမ့်ရမည်ဟု စုန့်စစ်ဟန် မထင်ထားပါ။

ဒီ ကလပ် ရဲ့ တည်နေရာက အလွန်ကောင်းမွန်လှပြီး မြို့တော်ရေကန်ဘေးက ဘားလမ်းမမှာ ရှိနေခြင်းဖြစ်သည်။ ဖြစ်ချင်တော့ ဒီ နေရာနဲ့အနီးမှာ မရေတွက်နိုင်တဲ့ ကြယ်ငါးပွင့် ဟိုတယ်များစွာ ရှိနေ၏။
.
.
.

ဒီခဏလေးအတွင်းမှာ စုန့်စစ်ဟန်သည် ဟိုတယ်ခန်းထဲရှိ အိပ်ခန်းနံရံအား မှီလိုက်သည်။ သူ့ရှေ့မှာရှိတဲ့ ကောင်လေးက ခေါင်းငုံ့လာတာကြောင့် ငြင်သာသိမ်မွေ့လှသော သူ၏ မျက်နှာပေါ် အရိပ်တစ်ခုအား ထင်ဟပ်သွားစေသည်။

အခန်းတစ်ခုလုံးအား သဘာဝနှင့် အလွန်နီးစပ်ကာ ရိုးရှင်းလှသော ခဲရောင်ဖျော့ဖျော့ကို သုံးထားသည်။ အတွင်းဘက်နှင့် အပြင်ဘက်အား အတွင်းကျကျမြင်နိုင်သော ဖန်အလွှာမှန်ချပ်ဖြင့် ကန့်ထားပြီး ထို ဖန်မှန်ချပ်၏ နောက်တွင် ဆန်းပြားသည့် အပြင်အဆင်များ မရှိသည့် မီနီမဲလစ် စတိုင် ဧည့်ခန်း တစ်ခုရှိသည်။ ထို ဧည့်ခန်း ကို ကျော်ကာ အတွင်းဘက် အိပ်ခန်း၏ အလယ်တွင်တော့ နှစ်မီတာ ကျော်ကျော်ခန့် ကျယ်ကာကြီးမားသည့် အိပ်ရာလည်း ရှိနေသည်။

ဒါပေမဲ့ ဒီအချိန်မှာ အခန်း၏အပြင်အဆင်ကို
ကြည့်ရန် နှစ်ယောက်စလုံး  စိတ်မဝင်စားကြပါချေ။

သူ့ရှေ့ရှိ ကောင်လေးက စုန့်စစ်ဟန်၏ ဆွယ်တာ အင်္ကျီဇစ်အား အဆုံးထိ ဆွဲချလိုက်၏။ ဒီ အသံက ဒီလို ညဥ့်နက်ချိန်၌ အနည်းငယ်လည်း ထွေပြားနေကာ၊ မရေမရာဖြစ်နေသည့် အခြေအနေအား လုံးဝဥသုံ ဆုတ်ဖြဲပစ်ရန် အစပျိုးလိုက်သည်ပင်။

လူငယ်လေး၏ လက်တို့က ဂျင်းဘောင်းဘီ ဇစ်ပေါ်ရောက်လာပြီး ထို့နောက်လက်ချောင်းများက စုန့်စစ်ဟန် ၏ တင်သားစိုင်တို့အား ထိတွေ့လိုက်ကာ ‌ပြောင်ပြောင်တင်းတင်း ငုံကြည့်လာသည်။

“ခင်ဗျား ခြေတံတွေက သိပ်လှတယ်” ကောင်လေးက ပြောလိုက်ရင်း" အကဲဖြတ်ရရင် ကုန်တိုက်တွေရဲ့ အလှပြ အရုပ်လေးတွေလိုပဲ..."

You've reached the end of published parts.

⏰ Last updated: Aug 19 ⏰

Add this story to your Library to get notified about new parts!

Disobedience to Control || ထိန်းချုပ်မှုအား နာခံလိုခြင်းမရှိ || (မြန်မာဘာသာပြန်)Where stories live. Discover now