Chapter 141

812 119 0
                                    

Unicode

ရွှယ်ကွေ့၀မ်သည် ထိုနေ့ကဖြစ်ပျက်ခဲ့သည့် ဆုံလည်စားသောက်ဆိုင်အကြောင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များစွာကို ရွှီရှုယီထံမှ သိရှိထားပြီးဖြစ်သည်။

ရွှီရှုယီ၏ဖော်ပြချက်အရ ချန်းကျစ်တွင် ကုမျန်နှင့်ပတ်သက်သည့် အတွေးများရှိနေကြောင်း သူမသေချာသည်။ မဟုတ်ပါက၊ သူသည် ကုမျန်အတွက် တိုက်ခိုက်မည်မဟုတ်သလို ယခင်hot search ကလည်း သူမ၏အမြင်ကို သက်သေပြခဲ့သည်။

ချန်းကျစ်သည် ဤရက်အနည်းငယ်အတွင်း မှော်မြို့တော်တွင်ရှိခဲ့သည်ဟု သူမ၏သူငယ်ချင်းတစ်ဦးက သူမကိုပြောပြခဲ့သည်။ တစ်ညတွင် သူသည် ခမ်းနားထည်ဝါသော စားသောက်ဆိုင်တစ်ဆိုင်ကို ဘွတ်ကင်လုပ်ခဲ့ပြီး ရိုမန့်ဆန်ဆန် ပြင်ဆင်ခဲ့၏။အရေးအကြီးဆုံးသည်တော့  စားသောက်ဆိုင်ထဲ၌ ကုမျန်နှင့်တူသည့် မိန်းကလေးတစ်ယောက်ကို သူမ၏သူငယ်ချင်းမြင်ခဲ့ရခြင်းပင်။

ထို့အပြင် ချန်းကျစ် စားသောက်ဆိုင်ကို ဘွတ်ကင်လုပ်ထားသည့်ညသည် ကုမျန်ကို အနက်ရောင် Ferrari က ပြန်လာပို့သည့်နေ့ဖြစ်သည်။

ချန်းကျစ်က အနက်ရောင်ကိုသဘောကျသည်ဟု ဆိုကြ၏။

အကယ်၍ ထိုသို့သာဆိုလျှင် ရွှယ်ကွေ့၀မ်သည် လော့ချယ်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်ဟု ခံစားရ၏။

သန့်စင်ခန်းမှန်ရှေ့၌  ကိုယ့်ကိုယ်ကို ဂရုစိုက်ပြင်ဆင်ပြီးနောက် သူမသည် တတိယထပ်သို့ တက်သွားပြီး ကုမျန်၏အခန်းတံခါးဆီ လျှောက်သွားလိုက်သည်။

တံခါးခေါက်သံကြားသည့်အခါ ကုမျန်သည် သူမ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးနေဆဲဖြစ်သည်။‌ ရှောင်ကျုးဟု သူမထင်သောကြောင့် တံခါးထဖွင့်လိုက်၏။

ရွှယ်ကွေ့၀မ်၏နှုတ်ခမ်းထောင့်များသည် မြှင့်တက်သွားပြီး မြှောက်ပင့်ဟန်မရှိသလို စိမ်းကားဟန်လည်းမရှိပဲ ပုံမှန်ပင်။ "ကုလောင်ရှီး"

ကုမျန် အနည်းငယ် ပဟေဠိဖြစ်သွားရသည်။"တစ်ခုခုလိုလို့လား"

ရွှယ်ကွေ့၀မ်က ပြုံးလိုက်ပြီး "ဘာမှမဟုတ်ပါဘူး ကျွန်မ လောင်ရှီးကို လူကိုယ်တိုင် ဂုဏ်ပြုစကားပြောချင်လို့ပါ လောင်ရှီးနဲ့ လော့လောင်ရှီးတို့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ်နော်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now