#Unicode
၁နှစ်ကြာပြီးနောက်။
ကျယ်ဝန်းလှသည့် ခန်းမကြီးထဲတွင် သတ္တုများ အချင်းချင်း ပေါ့ပါးစွာ ထိခတ်သွားသံက တစ်ချက်တစ်ချက် ထွက်ပေါ်လို့နေသည်။ မြေပြင်၌ အပြာဘက်နှင့်အနီဘက်ဟူ၍ စည်းမျဉ်းတားထားပြီး အနီဘက်ရှိလူက အပြာဘက်ရှိလူ၏နှလုံးနေရာကို ဓားဖျားဖြင့်ထိတွေ့လိုက်သည့်အခါ အမှတ်ရသွားသည့် အချက်ပြမြည်သံက ထွက်ပေါ်လို့လာသည်။
အပြာဘက်ရှိလူက သူ၏ခေါင်းစွပ်ကိုချွတ်၍ ချွေးများရွှဲနေသော ဆံပင်တို့ကို အပေါ်သို့ တစ်ချက်သပ်တင်လိုက်သည်။ ထိုလူသည် လိမ္မော်နီဘက်သန်းသည့် ဆံပင်ကောက်ကောက်တို့နှင့် တောက်ပကြည်လင်သော မျက်လုံးပြာတို့ကို ပိုင်ဆိုင်ထား၏။ ဤကဲ့သို့သော ဆံပင်အရောင်နှင့်မျက်လုံးအရောင်တို့ကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ပိုင်ဆိုင်ထားခြင်းက ရှားပါးမှုတစ်ခုဖြစ်နေသည်ကိုပင် ထိုလူ၏ဖြူဖွေးသော အသားအရေက ထပ်ပေါင်းအားဖြည့်ပေးလေရာ ထိုလူသည် အလွန်ပင် ကြည့်ကောင်းသည့် လူတစ်ယောက်ဟု ဆိုနိုင်လေသည်။
စင်ရော်ငှက်သဖွယ် ပါးလျသည့် မျက်ခုံးက ထိုလူ၏အသွင်အပြင်ကို နူးညံ့သွားစေပြီး ပွဲစဉ်ကို ၅ပွဲဆက်တိုက် ဆော့ကစားခြင်းကြောင့် ထိုလူ၏မျက်နှာသည် မောပန်းမှုဖြင့် အတန်ငယ် နီရဲနေတော့သည်။ခေါင်းစွပ်ကို ဓားကိုင်ထားသည့်လက်နှင့်ပင် ကိုင်လိုက်ပြီးနောက် ထိုလူသည် အရှေ့ကို တိုးလာပြီး ယခုအချိန်အထိ ခေါင်းစွပ်မချွတ်ရသေးသည့် အနီရောင်ဘက်ရှိလူဆီသို့ လျှောက်လာလေသည်။
"Wow!..I'm impressed, How did you improve in such a short time?"
အပြောခံလိုက်ရသည့် အနီရောင်ဘက်ရှိလူက သူ၏ခေါင်းစွပ်ကိုချွတ်ပြီးနောက် အေးစက်နေသော အညိုရင့်ရောင်မျက်လုံးများဖြင့် တစ်ဖက်လူကို စိုက်ကြည့်လာသည်။
"None of your business.."
"Hey!.. What's with that attitude?..I am your teach"
ထိုလူက မကျေနပ်သည့်လေသံဖြင့် ပြောလာသော်လည်း အနီရောင်ဘက်ရှိလူငယ်မှာတော့ ထိုလူကို လျစ်လျူရှုသွားလေသည်။
YOU ARE READING
မှိုင်းဟန်မြခေတ်
Sonstiges"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟန်မြခေတ် မှတ်ချက်။ ။ဤဝတ္ထုကို Mature onထားပါတယ်။ အကြောင်းအရင်းက အရွယ်ရောက်ပြီးသား လူတွေရဲ့လိင်ပိုင်းဆိုင်ရာ သွေးသားစပ်ယှက်မှုတွေကြောင့...