ဆိုလ်းတရားစီရင်ရေးဌာနတွင်ဖြစ်သည်။တရားသူကြီးချုပ်park ဦးဆောင်သော တရားစီရင်ရေးအဖွဲ့သည် အမူနာကြားနေသည်။ တရားလိုနှင့်တရားခံ အချင်းချင်းတို့၏ ချေပမူများ သက်သေအထောက်ထားများကို ကြည့်ကာ အမူကိစ္စ ပြီးပြတ်အောင်ဆောင်ရွက်ပေးရသည့်မို့ တကယ့်ကို တာ၀န်ကြီးသည်။ ကြီးသည့်အမူငယ်စေ၊ ငယ်သည့်အမူပပျောက်စေရန် တာ၀န်ရှိသူများဖြစ်သောကြောင့် ဖြောင့်မတ်မှုနှင့် ဘက်လိုက်မှုမရှိကြသူများကိုသာ ခန့်ထားသည်။ တရားစီရင်ရေးရာတွင် အဓိကမဏ္ဌိုင်ဖြစ်သော တရားသူကြီးချုပ်က မျှတမှုနှင့် မှန်ကန်မှုကို ချစ်မြတ်နိုးမှသာ မှန်ကန်သည့်အမူမှန်ပေါ်ပေါက်နိုင်မည်ဖြစ်သောကြောင့် ဆိုလ်းမြို့၏ တရားသူကြီးချုပ်အား အလွန်ဖြောင့်မတ်သည်ဟု နာမည်ကြီးသော Park ကို တာ၀န်လွှဲအပ်ထားသည်။ ဆိုလ်းမြို့၏ တရားစီရင်ရေးဌာနာ၏ ဆုံးဖြတ်ချက်သည်မှန်ကန်ပေသည်။ တရားသူကြီးချုပ်Park သည် သူ့တာ၀န်ယူသော အမူမှန်သမျှကို ဘက်လိုက်ခြင်းအလျင်းမရှိဘဲ မှန်ကန်မျှတမှုတို့သာ စီရင်ဆုံးဖြတ်ခဲ့ပေသည်။
"ကြားနာမှုနားမယ်။နောက်တစ်ပတ်အဂ်ါနေ့ မနက်၁၀နာရီတွင် ရုံးချိန်းပြန်စတင်မည်ဖြစ်ပြီး အမိန့်ချမှတ်မယ်။"
ဒုန်း။ ဒုန်း။ ဒုန်း။
တုနဲ့ပုံစံတူသော ပစ္စည်းအား အညိုရောင်အပြားပေါ်သို့ထုချလိုက်သော အသံထွက်လာသည်နှင့် ရုံးအတွင်းရှိ လူအားလုံးက တရားသူကြီးချုပ်အား အရိုအသေပေးနှုတ်ဆတ်ကြသည်။နောက်တစ်ပတ်တွင်ချမှတ်မည်အမိန့်အားလည်းသိချင်နေကြသည်။ သို့ပေတိုင်တရားမျှတမှုမရှိမှာကိုတော့စိတ်မပူကြပေ။ အဘယ့်ကြောင့်ဆိုသော် တရားသူကြီးချုပ်Parkဟာ တရားမျှတမှုနှင့် ဘက်လိုက်မှုမရှိခြင်းတို့၏ ရှေ့ဆောင်မဟုတ်ပေလား။
............
"တရားသူကြီးချုပ် ပင်ပန်းသွားပါပြီ"
"မဟုတ်တာ အားလုံးပင်ပန်းခဲ့ရတာပဲကို"
"ပင်ပန်းတာပျောက်အောင် အပြင်မှာသွားသောက်ကြမလား"
"မသောက်တော့ပါဘူး။မောင်နဲ့အိမ်မှာ ညစာချက်စားမို့
ဒါဆို ခွင့်ပြုပါအုံး"
ရှေ့မှ ထွက်သွားသူအား လီမင်ယောင်းမျက်စိတစ်ဆုံးကြည့်မိသည်။ ချောမောသော ရုပ်ရည်ဟာ ဆွဲဆောင်မှုရှိစွာ အမျိုးသမီးငယ်တို့၏ နှလုံးသားများအား နာမကျန်းဖြစ်စေချင်ဟန်။ ငယ်ရွယ်မှုနဲ့မလိုက်ဖက်စွာ ရရှိထားသော တာ၀န်ရာထူးနဲ့ ဂုဏ်သတင်းဟာ လူတကာရဲ့အမြင့်ပေါ်မှာ ။ ဆိုလ်းမြို့တရားသူကြီးချုပ်လို့ပြောလိုက်သည်နှင့် ကြားရသည့်သတင်းများက တရားမျှတမှုရှိခြင်းနှင့် ဖြောင့်မတ်ခြင်းတွေပင်။ ဘက်လိုက်ခြင်းအလျင်းမရှိဘဲ မျှမျှတတဆုံးဖြတ်ကာ အမိန့်ချမှတ်သောကြောင့် အမှုမှန်ပေါ်ပေါက်လိုသူများက တရားသူကြီးချုပ်Parkနဲ့သာ ရုံးချိန်းလိုချင်ကြသည်။ဤသို့သော အရည်အချင်းများနဲ့အမျိုးသားဟာ ချစ်ရသူ ကောင်လေးရှိသည်ဟူသော အချက်ကြောင့် ရှေ့နေမလေးများနှင့်တရားသူကြီးအပျိုကြီးမမများအား တပ်လှန့်ကာ နောက်ဆုတ်ဖို့နေနေသာ စစ်မစခင်ကပင် အလံဖြူပြခဲ့ရချည်းသာ။ ဥပဒေဘောင်အတွင်းမှထိုအမျိုးသားဟာ အမှောင်လာက၏ ဘုရင်ဟု တင်စားရသော လူဆိုးလူမိုက်တစ်ယောက်အား ချစ်သူရရှိထားသည်ကို ထိုအမျိုးသမီးများအားက စာရေးသူက ပြောပြချင်စမ်းပါဘိ။
.......
ဖုန်း၀င်ပြီးမကြာသည်နှင့်
"ဟယ်လို မောင်"
တစ်ဖက်က ချိုအီအီအသံထွက်လာသည်နှင့် Jeon၏နှုတ်ခမ်းအောက်က မဟူရာအစက်ငယ်ပေါ်သည်အထိပြုံးမိသည်။ ချစ်ရသူလေးသည် မည့်သည့်အချိန်မဆို Jeonအားရင်ခုန်စေပြုံးစေရယ်စေနိုင်သာသူပင်။ နှုတ်ခမ်းဖူးတို့က မောင် ဟုတလိုက်ရုံပင် Jeon Jungkook တို့က တလောကလုံးနဲ့ စစ်ခင်းရဖို့ပင်၀န်မလေးချေ။ ပင်ပန်းလာတိုင်း ရင်ခွင်ကျဉ်းကျဉ်းလေးထဲ မရမကတိုးဝှေ့ရင်း စိတ်အပန်းဖြေနိုင်၏။ မျက်စောင်းနုနုလေးနဲ့များအထိုးခံရတိုင်း ဒီလူသားဟာ စကြာ၀ဌာတစ်ဆုံးထိ မမောတမ်းပြေးချင်ပါရဲ့။ ခြေဖမိုး လက်ဖမိုးနုနုလေးတွေကို ထိတွေ့နေရရုံနဲ့ Jeonတို့က ေလာကတစ်ခွင်လုံးအား အပိုင်စားရလိုက်သည့်နယ်။ မြတ်နိုးခြင်းအဆုံးတို့သည် အဘယ်ဆီမှန်းမသိ၊ ချစ်ခြင်းတို့က အဘယ်သံသရာ အဆက်ဆက်ထိလဲမသိ Jeon Jungkook တို့က Park Jiminဆိုတာနဲ့ ခြေတော်ရင်းဒူးပြေးထောက်ပြီးသားပဲ။ အမှောင်လောကရဲ့ဘုရင် Jeon ဟာ တရားသူကြီးချုပ်Parkရှေ့မှာဆို ကျွန်တစ်ေကာင်သာသာပဲ။ နှုတ်ခမ်းဖူးကတလိုက်တဲ့စကားတိုင်းဟာ Jeon အတွက် တေသွးတမိန့်ပင်။ ထိုလူသားသည်သာ Jeon အတွက်အရာရာပင်။
"ဟယ်လို မောင်!"
အတွေးထဲနစ်နေ၍ Jeon တစ်ယာက်ပြန်မဖြေမိသည်ကိုတစ်ဖက်က ဆောင့်အောင့်အောင့် ခေါ်သံလေးကြားသည့်အခါ နှုတ်ခမ်းသားတို့ကို သွားနဲ့ကိုက်ပြီး လူမိုက်ကြီးက ရူးရပါအုံးမည်။
"ဘာလုပ်နေလို့ ခေါ်တာမကြားရတာလဲ"
"ချစ်တယ်ji"
"အယ် မဆိုင်တာတွေ"
"ချစ်တယ် သံသရာတစ်လျှောက် မောင်ဆွဲခေါ်သွားချင်တဲ့အရာ Park Jimin ဆိုတဲ့မင်းပဲ"
"........"
"ေမာင်က ချစ်တယ်ပြောတာ ပြန်ပြောမှပေါ့"
"ချစ်တယ်မောင် တရားဥပဒေတွေရဲ့အလွန်မှာ နေရဲတဲ့အထိ မောင့်ကိုချစ်တယ်"
တရားသူကြီးချုပ်ကြီးဟာ သူသိပ်ချစ်မြတ်နိုးတဲ့ ဥပဒေကိုတောင်လွန်ဆန်ရဲတဲ့အထိ ကိုယ့်ကို ချစ်ကြောင်းပြောေနသည်အထိ စကားတတ်တတ်။
"မောင့်ကိုအိမ်မှာစောင့်နေနော်"
"ဟုတ် မောင်မကြာစေနဲ့နော် နှလုံးသားလေးကို လွမ်းလှပြီ"
"ဟားးးး"
တရားသူကြီးချုပ်ဟာ ခြွေလိုက်ရင်တစ်ဆုံး။ ဒီလူသားကသာ သူခြွေတိုင်းကြွေနေရတာ။ ပိုင်ဆိုင်ချင်လှပြီ။ အိပ်ရာပေါ်က ချစ်ခြင်းတွေကိုပုံဖော်ချင်လှပြီ။ ထိုလူသားနဲ့မှနိုးထတတ်လာသော ရမ္မက်တစ္ဆေအား ထိုလူသားကိုပင် ထိန်းခိုင်းချင်လှပြီ။ Park Jimin ရဲ့ အရာရာတိုင်းဟာ Jeon Jungkook အပိုင်ဖြစ်ချင်လှပြီ။ အမှောင်တောနက်ထဲရှိမီးခိုးတွေကြားထဲက ချစ်ခြင်းမို့ Jeon တစ်ယောက်တန်ဖိုးထားမ၀ မြတ်နိုးမဆုံးဖြစ်ရပေသည်။