မီးရောင်စုံတို့ကြီးစိုးထားသော အခန်းကျယ်ကြီးတွင် လူတစ်ဦးက laptop တစ်လုံးကိုစူးစိုက်ကြည့်ရင်းနဲ့မှ မိမိအရာကိုပြုစုရင်း အလုပ်ရှုပ်နေရသည်။ ပန်းဆီရောင်ဖူးကြွနေေသာ နှုတ်ခမ်းတစ်စုံကိုမှန်းရင်း ထိုခံတွင်းနုနုလေးထဲကိုသာ မိမိအရာ ထိုးသွင်းလိုက်ရင်ဖြင့်၊ ကြယ်ရောင်တို့ဖြင့်တောက်ပတတ်သည့် လခြမ်းပုံမျက်၀န်းတစ်စုံက မျက်ရည်တို့ရစ်သိုင်းကာ ရီဝေဝေဖြင့်မိမိကိုကြည့်နေပါက၊ ရှက်ရင်ဖြစ်စေ ဒေါသထွက်ရင်ဖြစ်စေ နီးမြန်းတတ်သော ပါးမို့မို့တို့ပေါ် အဖြူရောင်အရည်တို့ပေစွန်းနေသော မြင်ကွင်းကို မှန်းရင်းဖြင့်ဆန္ဒတို့အားဖြေလျော့နေရသည်။
"Ji ~~~~မောင့်ရဲ့အချစ်"
များမကြာမီပင် လက်ထဲသို့စွန်းထင်းလာသောပြီးမြောက်ခြင်းအရည်များ။ တရား၀င်မပိုင်ဆိုင်ရသေးခင်စောင့်ထိန်းနေရသောကျင့်၀တ်တစ်ခုဟာ အိပ်ရာပေါ်ကချစ်ခြင်းပင်။ Jeon ဟာ တရားမ၀င်လုပ်ငန်းများစွာကို လုပ်ကိုင်နေသူတစ်ယောက်ပင်ဖြစ်လင့်ကစား ချစ်ရသူကိုတော့ မှဲ့တစ်ေပါက်မျှမစွန်းပေစေပေ။ မီလီယံနဲ့ချီတဲ့ငွေတွေဟာ အသည်းအသက်jiနဲ့ယှဉ်လာရင်တော့ ဖွဲ့နဲ့ဆန်ကွဲ ပင်။ ထိုစကားကိုသာ လုပ်ဖော်ကိုင်ဖက်များကြားလျှင်ဖြင့် ကိုယ့်နားထင်ကို ကိုယ်တိုင်သနတ်ဖြင့်ပစ်ကာ သက်သေသွားပေလိမ့်မည်။Jeon car showroomsများစွာကိုသာ တရား၀င်ပြထားပြီး ကျန်သည့်လက်နက်နှင့် မူးယစ်ဆေးဝါးရောင်း၀ယ်ရေးက အမှောင်ရိပ်တို့ကြီးစိုးနေသည့် မြေအောက်လုပ်ငန်းကJeon၏တရားမ၀င်လုပ်ငန်းများပင်။ ဆယ့်ငါးနှစ်သားကတည်းကလုပ်ကိုင်လာခဲ့သာ ထိုမတရားလုပ်ငန်းများသည် ယခုချိန်ထိတစ်ကြိမ်တစ်ခါမျှပင် အမိမခံရဖူးပေ။ မိခဲ့ရင်လည်းေကြာက်စရာမရှိပေ။ Jeonရဲ့နောက်မှာ ဆိုလ်းမြို့၏ အာဏာအရှိဆုံး တရားသူကြီးချုပ်တစ်ယောက်လုံးရှိနေသည်မဟုတ်ပါလား။အားကိုးရှိလို့ မိုက်ခွင့်ရတာ Jeon Jungkook တို့က ရေကုန်ရေခမ်းမိုက်တော့တာပဲ။ တရားသူကြီးချုပ်Parkကလည်း ကျန်သည့်အရာတွင်သာ ဖြောင့်မတ်ကာ မျှတလိမ့်မည်။ သူ့ချစ်သူနဲ့ ယှဉ်လာလျှင်ဖြင့် မျှတသည် မမျှတသည်မစဉ်းစား သူ့လူကို ကာကွယ်ဖို့ရန်အတွက် ရှိရှိသမျှသော သက်သေများကိုေဖျာက်ပစ်ခဲ့တာချည်း။ လူမိုက်အားပေးလုပ်တယ်ဆိုဆို Park Jimin က Jeon Jungkook အတွက် လူသတ်လာရင် အလောင်းဖျောက်ပေးကာ လိုအပ်ရင်ကိုယ်တိုင်လူသတ်ပေးခဲ့တာချည်း။ Jeon Jungkookက အဆိပ်တစ်ပင်ဆို Park Jiminက ထိုအဆိပ်ပင်ကို တယုတယပြုစုပျိုးထောင်က ရေလောင်းပေါင်းသင်းပေးသူပင်။
.........
သီချင်းတညီးညီးဖြင့် Jimin တို့အူမြူးနေသည်။ မကြာခင် မောင် ပြန်ရောက်တော့မယ်လေ။ မတွေ့ရတာ တရက်ကျော်နေပြီမို့ Jimin တစ်ယောက် မောင့်အား အလွမ်းကြီးလွမ်းနေပါပြီ။ အသက်သုံးဆယ်အရွယ် Jimin က မောင်နဲ့ပတ်သတ်ရင် အသေးအမွားလေးကစ သည်းသည်းလှုပ် ချစ်နေရပါသည်။ ဒါတွေပြောလည်း မင်းတို့နားလည်မှာ မဟုတ်တာ သိပါတယ်လေ။ ချစ်ခြင်းတွေ ဘယ်ကဖြစ်တည်လဲ လာမမေးနဲ့၊ Park Jimin တို့က မောင်ရဲ့နှုတ်ခမ်းပါးအောက်က မဟူရာအစက်ငယ်ကလို့ဖြေရလိမ့်မယ်။ ချစ်ခြင်းကုဌေကုဍာက အဆုံးမရှိ ဒသမကိန်းတန်းလိုပဲ။ ချစ်မ၀ပေ။ ယောက်ျားတစ်ယောက်က မျိူးတူယောကျ်ားတစ်ယောက်အပေါ် ဘယ်လောက်ချစ်နိုင်သလဲ လာမမေးနဲ့။ Park Jimin က မောင်အတွက်ဆို တလောကလုံးနဲ့တစ်ယောက်ယှဉ်တိုက်ဖို့ ၀န်မလေးပါ။ ဖြစ်ပျက်သမျှတိုင်းမှာ မောင်မှားလည်း မှန်တယ် မောင်မှန်လည်း ချွင်းချက်မရှိမှန်တယ်။ ချစ်ပုံချစ်နည်းတွေမှားနေတယ် လာမပြောနဲ့၊ မောင်နဲ့ပတ်သတ်ရင် အရာအားလုံးကမှန်တာမို့ ။ မောင်က အမှောင်လောကရဲ့ဘုရင်ဆို Jimin က အလင်းလောကမှာနေပြီး မောင့်ကိုအထိခိုက်မရှိအောင်ကာကွယ်ပေးမှာ။ ချစ်ခြင်းတွေက ဤသို့ဤနှယ်။
.........
ခမ်းနားထည်ဝါခြင်းတို့စိုးမိုးနေသော အဆောက်အအုံအတွင်း၀င်လိုက်သည်နှင့် Jeon တစ်ယောက် အိမ်ဟူသော အငွေ့အသက်ကိုခံစားလိုက်ရသည်။ ဒါဟာ အိမ်နဲ့တူအောင်ဆောက်ထားသော အဆောက်အအုံကြောက့်မဟုတ်။ ထိုအိမ်အတွင်းရှိ တစ်Parkတစ်jiကြောင့်ပင်။ အသည်းအသက်လေးjiက ဧည့်ခန်းမှာ စောင့်နေပေလိမ့်မည်။ ပြီးရင် Jeon ကိုရေချိုးခိုင်းပြီး သူကတော့ဖြင့် ထမင်းဝိုင်းပြင်ဆင်ပေလိမ့်မည်။ ပြီးလျှင် လက်စုံထမင်းစားပြီး မတွေ့ရတဲ့နာရီတွေအတွက် အတိုးချ အလွမ်းဖြေပေလိမ့်မယ်။ဒါတွေဟာ မည့်သည့်အခါမှ ရိုးအီခြင်းအလျင်းမရှိသော Jeon နဲ့ jiရဲ့ ချစ်ခြင်းပုံရိပ်တွေ။
"မောင်!!"
Jeon ရဲ့အရိပ်ကိုမြင်သည်နှင့် jiက ဟန်ပင်မဆောင်နိုင်အောင် မောင်ဟု အော်ကာ ရင်ခွင်ထဲတိုး၀င်လာပေသည်။
ဒီရင်ခွင်ကျယ်ကြီးက ရတဲ့ ကိုယ့်ငွေ့တို့ကို Jimin ဘယ်လောက်လွမ်းနေရပါသလဲ။ ဖုန်းပြောရင်းနဲ့ပဲ အလွမ်းဖြေခဲ့ရတာက တစ်နာရီ နှစ်နာရီမှ မဟုတ်ဘဲ၊ တစ်ရက်ကျော်ကျော်ကြီးများတောင်။ မှဲ့နက်နဲ့တန်ဆာဆင်ထားသော နှုတ်ခမ်းပါးကို လွမ်းတိုင်း Jimin တစ်ယောက်အလုပ်လုပ်ရင်း မျက်ရည်ဝဲရသည်အထိ။ထို့ကြောင့် လွမ်းနေရသော ရင်ခွင်ထဲသို့ Jimin တစ်ယောက် ကျွံကျမတတ်၀င်တိုးကာ ငြိမ်သက်နေမိသည်။
"သိပ်များလွမ်းနေခဲ့တာလား"
ဘယ်လိုများမေးလိုက်တာလဲ!!
Jeon က ရယ်သံစွပ်မေးသောအခါ ရင်ခွင်ထဲက အသက်လေးသည် Jeonအားစူးရဲစွာစိုက်ကြည့်လာသည်။ သဘောက မသိဘူးလား၊ ဒီကသေမတတ်လွမ်းနေရတာကို!!!။ သိတယ် အဲ့မျက်စောင်းတွေ၊ ချစ်နေရတဲ့ လူလေ မျက်စောင်းမက နှုတ်ခမ်းဖူးနဲ့ပဲထိုးထိုး ဒီကောင်က အသည်းမကြွေရုံတမယ် ။ လက်သီးနဲ့တော့ ထိုးလာမယ် မင်းတို့မစဉ်းစားလိုက်နဲ့။park Jiminဆိုတာ Jeon ထိခိုက်မဲ့အလုပ်ဆို ယောင်လို့တောင်မစဉ်းစားတဲ့လူမို့။