ချစ်ခြင်းတွေရယ် အသ်ချေ
မြတ်နိုးမှုတွေရယ် ကမ္ဘာတစ်ဆုံး
ဘ၀အဆက်ဆက်မှာ
မောင်က Park Jimin အပိုင်။
.........
Jeon ဒီနေ့ အလုပ်ရှုပ်နေပါသည် ။ မျက်စံစူးစူးရဲရဲတို့က အဖြူရောင် ကင်းဗတ်စပေါ် အလုံးစုံသော အာရုံတို့ ကို ဖြန့်ကျက်သည့်တိုင် ကြက်ဥလုံးကြီးများဖြင့် လက်တစ်ဖက်က ထို ကင်းဗတ်စပေါ်တွင် အလုပ်ရှုပ်ေနဟန်။ အနုစိတ်သောလက်ရာမွန်သည် ထို သွေးစွန်းနေတတ်သော လက်နှင့် မလိုက်ဖက်သည့်တိုင် Jeon ကတော့ အာရုံစိုက်ကာ ရေးဆွဲနေခဲ့သည်။ မျက်၀န်းတို့တွင် ကြည်နူးခြင်း အရိပ်တို့ တဖျက်ဖျက်တောက်ပကာ မောင်သည် သူချစ်ရသူ၏ ပုံတူပန်းချီဆွဲခြင်းအားသိပ်နှစ်သက်ဟန်။ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီးနောက် ပန်ချီဆွဲခြင်းအား အဆုံးသတ်လိုက်သည်။ ထို့နောက် အားရသည့် အပြုံးနုနုလေးက မောင့်မျက်နှာထက်တွင် ပေါ်လာသည်။
“မောင့် အဂျီက ရုပ်ပုံကားချပ်တောင် သိပ်လှတာပဲ"
“မောင်က သိပ်ပိုတယ်"
“ရော် အကောင်းပြောနေတဲ့ ဟာကို ပိုတယ် ဖြစ်ရလားဗျာ ဒီကမ္ဘာမှာ အဂျီ ထက် ပိုလှတဲ့သူကို မောင် မတွေ့ဖူးေသးဘူး"
မောင် က တစ်ခါ တစ်ရံ ထိုသို့ ခြွေ တတ်သေးသည်။ လူမိုက်ကြီးချစ်မိသွားတာက လှလှပပ ပန်းကလေး ဖြစ်နေတော့လည်း လူမိုက်ကြီး ကဗျာ ဆန်တာ မဆန်း။ ပန်းကလေးဟာလည်း လူမိုက်ကြီး ကဗျာ ဆန်တတ်အောင် လှနေတော့လည်း ၊ အလှနတ်ဖုရားလေး ဖြစ်နေေတာ့လည်း လူမိုက်ကြီးတို့ ရူးေပအုံး။ အဘယ်ဘ၀ထိ ရှင်သန် ရမယ်မှန်းမောင်မသိဘူး ။ မောင်သိတာက အဂျီကို ချစ်ဖို့ပဲ ။နှလုံးသားမှစအသက်အဆုံး မောင်က အဂျီအပိုင်။ အဂျီမရှိတဲ့ဘ၀မှာ မောင်မနေနိုင်သလို မောင်မရှိတဲ့ဘ၀မှာလည်း အဂျီကို အသက်ဆက်မရှင်ခိုင်းပါ။ အတ္တ ကြသည်ဟု ဆ်ုနိုင်သည် ချစ်တာမလို့ မပိုင်လိုက်ရမှာကို ကြောက်တာမလို့ တစ်ပါးသူရင်ခွင်ထဲ ေရာက်သွားမှာကို အိမ်မက်ဆိုးတစ်ခုလိုကြောက်တာမလို့ မည်သည့် နည်းနှင့်မျှ လက်လွှတ်မခံနိုင်ပေ သံသရာမှာ အဂျီ ဆက်လည်ပတ်နေသရွေ့ မောင်က အဂျီအား ဖူးစာကြိုးလေးနဲ့ အထပ်ထပ်ရစ်နှောင်ကာ အဂျီသွားရာ နောက်က လိုက်ပါအုံးမည်။ မောင်သည် သိပ်အတ္တကြီး၏။
.............
နေရာကား ဆိုးလ် တရားရုံးချုပ်တွင် ဖြစ်၏။တရားသူကြီးချုပ်သည် သုံးရက်လုံးလုံး ချစ်ရသူနှင့် အချိန်ဖြုန်းပြီးနောက် ရုံးစပြန်တက်သောနေ့တွင် အလုပ်များပါပြီ။ယခင်က သူအမိန့်ချဖူးခဲ့သော လူသတ်တရားခံ ဘတ်ဗြောင်မန်၏ ကိစ္စကိုလည်း ဖြေရှင်းပြီးသွားသည့်တိုင် တပ်ကြပ်ဂျောင်ကို ရှင်းပစ်ဖို့ကတော့ ခက်ခဲနေပါ၏။ အကြာင်းမှာ တပ်ကြပ်ဂျောင်သည် အင်မတန် သတိရှိကာ အရာရာ၌ကွက်ကြိုမြင်တတ်သောကြောင့် ယခင်တစ်ခါက လုပ်ကြံနိုင်ခဲ့ခြင်းမှာလည်း မိမိဘက်က လူတော်၍မဟုတ်ဘဲ တပ်ကြပ်ဂျောင်၏ ပင်ပန်းသော အချိန်နဲ့ တိုးနေသောကြောင့်ပင်ဖြစ်၏။ ဟိုးတုန်းကတည်းက မောင့်ရန်သူ့တိုင်းကို လွယ်လင့်တကူရှင်းနိုင်သော တရားသူကြီးသည် ယခုအခါတွင်တော့ တပ်ကြပ်ဂျောင်အား မသတ်နိုင်သေးသည်ကို အင်မတန်ဒေါသထွက်နေပါပြီ။ မောင့်အတွက်အရာရာ အဆင်သင့်ဖြစ်နေပေးခဲ့သော တရားသူကြီးသည် ယခုအခါတွင်လည်း နောက်ထပ်သော အသက်တစ်ချောင်းအား နုတ်ပစ်ဖို့ရန် အစီစဉ်များချနေခဲ့ပါပြီ။ တံငါးနားနီး တံငါးတဲ့ လူမိုက်နားနီးတော့လည်း.......မဟုတ်ဘူး တရားသူကြီးချုပ်ဟာ အစကတည်းက မောင့်အားချစ်ဖို့ရန် မွေးလာသည်မို့ ဇာတ်လမ်းအစကတည်းကပင် ကလိမ်ကကျစ်ဉာဏ်လေးနဲ့ လူမိုက်လေးပင် ဖြစ်နေတော့သည်။
အတိတ်သို့တစ်ခေါက် အလည်သွားရာ....
မောင်နဲ့ အဂျီ စတွေ့ပုံသည် ကော်ဖီဆိုင် မျက်နှာစာရှေ့တွင်ဖြစ်ကာ ထို့နေ့က နွေဦးဖြစ်သော်ငြား မိုးရွာနေခဲ့၏။သည်းလွန်းသည်မဟုတ်ပေမဲ့ ကောင်းကင်တစ်ခွင်လုံး အုံမှိုင်းကာ မိုးညိုနေခဲ့၏။ အဂျီသည် အဝါရောင်ထီးလေးအားဆောင်းကာ ကော်ဖီဆိုက်ရှေ့မှအထွက် မောင်သည် အနည်းငယ်မိုးစိုနေသည့် အနေအထားဖြင့် ဆိုင်ထဲသို့အ၀င်ဖြစ်ရာ တိုက်မိရာမှ နှလုံးသားချင်းပါငြိတွယ်ခဲ့မိကြ၏။ ဥပဒေပညာ အခုမှသင်ယူခစရှိသေးသော ဥပဒေကျောင်းသားလေးသည် မောင့်အကြောင်းအလုံးစုံသိရှိသွားပြီနောက် သူ့ခံယူခဲ့သည်က တစ်ခုတည်း။ မောင်နှင့်သူပျော်ရွင်စွာ နေထိုင်သွားဖို့ရန်၊ မောင်လုပ်သမျှ အနှောင့်အယှက်မရှိဖို့ရန်၊ မောင့်အပြစ်တွေဘယ်သုမှမသိဖို့ သူဟာ အာဏာကြီးဖို့လို၏။ အာဏာကြီးမှသာလျှင် မောင့်လမ်းကြောင်းပေါ်က အမှိုက်တွေက်ု လွယ်လင့်တကူရှင်းပစ်နိုင်မှာဖြစ်တယ်။ အဂျီသည် ကျန်သည့်အရာတွင် မျှတကောင်းမျှတလိမ့်မည် သူချစ်ရသူမောင်နှင့် ပတ်သတ်လျှင်ဖြစ် တလောကလုံးအား မီးလောင်တိုက်သွင်းရန်ပင် အသင့်ရှိနေခဲ့၏။ အဂျီသည် ချစ်တတ်လွန်းနေတာလား လူမိုက်အားပေးလုပ်သည်လား?မည်သို့ပင် သတ်မှတ်စေကာမူ မောင်တွင် အဂျီရှိလျှင် အရာအားလုံးပြည့်စုံသလို အဂျီ့တွင်လည်းမောင်ရှိက မည်သည့်အရာကိုမှ ပူစရာမရှိပေ။ စာမျက်နှာ တစ်ခုပြီးတိုင်း မောင်သည်အဂျီအပေါ် ပိုချစ်ခဲ့သလို အဂျီသည်လည်း မောင့်အပေါ် ချစ်ခြင်းများ လျော့သွားခြင်းမရှိပေ။ အချင်းချင်း ချစ်ပေးကြရင်း လောကကြီးသည် လေပြေလေးတွေသာ တိုက်ခတ်နေသည်ဟု ထင်ရသော်ငြား မထင်မှတ်သော မုန်တိုင်းသည် ၀င်ရောက်တိုက်ခိုက်တတ်၏။ မုန်တိုင်းဆိုသည့်အတိုင်း အင်အားကြီးကာ ဖျက်စီးလိုစိတ်ပြင်းထန်ကာ အငြိုးများနှင့် မုန်းတိုင်းတစ်ခုပင်ဖြစ်နေ၏။