part 8🥀

24 2 0
                                    

တနွေဂ်နွေ ပိတ်ရက်ဖြစ်၏။

ဒီနေ့သည် ဟိုဆော့၏ ပိတ်ရက်မို့ သွားနေကျနေရာ ဖြစ်သော သူနဲ့ Yoongiတို့နေထိုင်ခဲ့ဖူးသော ဂေဟာသို့ သွားကာ လုပ်အားပေးမည့်ရက်ဖြစ်၏။ ချစ်ရသူ၏ အငွေ့အသက်တို့ ရှိခဲ့ဖူးသော နေရာဖြစ်သည်မို့ သွားတိုင်း ရင်နာရသော‌်လည်း ပျော်ရွှင်ဖွယ် အမှတ်တရတို့ ရှိခဲ့ဖူးသည်မို့ ထိုနေရာအား မျက်ကွယ်မပြုရက်ခဲ့ပေ။
Hoseokတစ်ယောက် ခြံမှအထွက်

“ကိုကို"

နောက်ပါးဆီမှ kim၏ခေါ်သံကြားလိုက်ရ၍ Hoseok နောက်လှည့်ကြည့်မိ၏ အပြာရောင်ဆေးဆိုးခြင်းခံထားရသော ဆံနွယ်များနှင့်အတူ ဒီနေ့လည်း Kim ဟာ အနက်ရောင် အကျီဖြင့်ချောမောနေပြန်၏။
ကွန်ပြူတာနဲ့ စိတ်ကြိုက်ဂရပ်ဖစ်ဆွဲထားသလို ညှို့အားပြင်းမျက်နှာချောချောသည် နှုတ်ခမ်းနီမလေးများ၏ ကြိုက်နှစ်သက်ခြင်းကို ခံရပါသော်လည်း Hoseok အတွက်တော့ အနည်းမျှသော ရန်ခုန်ခြင်းကိုတောင်ပေးစွမ်းနိုင်ခြင်းမရှိပေ။
ချစ်ရသူမျက်နှာသာ တစ်ကမ္ဘာလုပ်ခဲ့သည်မို့ Hoseok အတွက် မည်သည့်ကမျှ အရေးပါခဲ့သည်မဟုတ်ပေ။

“ဘာကိစ္စ ရှိလိုလဲ”

“ကိုကို့ကို လွမ်းလို့၊ မနက်အိပ်ယာနိုးတာနဲ့ ကိုကို့ ကိုပဲ မြင်ချင်နေတာ။ ကိုကို့အသံကိုပဲ ကြားချင်နေတာ။ ကျတော်ရူးတော့မယ်ထင်တယ် ကိုကိုရယ်”

Kimဘယ်လောက်ပဲ စကားချိုချိုဖြင့် ဆွဲဆောင်နေပါစေ Hoseok သည် မတုန်မလှုပ်။

“အစမို့ပါ နောက်ပိုင်း မင်းတကယ်ချစ်တဲ့သူ တွေ့လာခဲ့ရင် ငါဆိုတာ မင်းရဲ့ အတိတ်ဟောင်းသာသာပဲဖြစ်သွားမှာပါ၊ ငါမင်းကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး”

“......…”

ပြောစရာမရှိ‌ေအာင်ရိုက်ချသွားပြီး ကိုကိုသည် မမုန်းရက်အောင်လည်း ရက်စက်တတ်သည်။ ချစ်မိသူကသာ အရှုံးပေးရသူမို့ Kimသည် ကိုကို့ ခြေတော်ရင်းတွင် အရှုံးကြီး ရှုံးနေပါပြီ။ 
ပိတ်ရက်မို့ ဂေဟာသို့ သွားမည်ဆိုတာ သိ၍ တစ်ခါမှ မနက်စောစောမထဖူးသော Kim တစ်ယောက် ကိုယ်စောင့်နတ်ပင် မထသေးသည့် အချိန်ကပင် ထကာ ကိုကို့နဲ့တွေ့ပင် ပြင်ဆင်နေခဲ့တာ ဖြစ်သည်။
သို့သော်လည်း ကြားလိုက်ရသော အငြင်းစကားသည် ပျော်နေသော စိတ်ကလေးအား ၀မ်နည်းစေသော်လည်း မနက်ခင်းတွေ့လိုက်ရသော ကိုကိုရဲ့ မျက်နှာလှလှလေးကြောင့် စိတ်တွေပျော်ခဲ့ရပြန်သည်။
ကိုကိုသည် မှော်ဆရာကဲ့သို့ပင် Kimအား အမျိုးမျိုးသော စိတ်ခံစားချက်အား ဖြစ်ပေါ်စေ၏။
...................
အတိတ်သို့ခြေရာကောက်ခြင်း.......

Jeon သည် ဒုစရိုက်သမားတစ်ယောက်မို့ အမြဲတစေ ကိုယ်ပေါ်၌ ဒဏ်ရာကြီး‌ငယ်မရွေးတို့သည်ရှိနေတတ်၏။ ယခုလျှင်ပင် ဆေးရောင်းရာမှရလာသော သေနတ်ဒဏ်ရာသည် သွေးထွက်လွန်နေပါပြီ။  မကောင်းမှု ပြုသူတို့ထုံးစံအတိုင်း မှောင်ရိပ်ခိုကာ အပြစ်များကို ကျူးလွန်ရသောကြောင့် ညနက်မှ ရလာသော ဒဏ်ရာကို ကုသဖို့ရန် ဆေးခန်းများက နတ္ထိ။ 24hrs ဆေးဆိုင်မျာတွင်လည်း ဆေး သွားမ၀ယ်ချင်ပေ။  သေနတ်ဒဏ်ရာနဲ့မို့ မလိုလားအပ်သော ပြသာနာတွေ ဖြစ်လာမှာ  Jeon မလိုလားပေ။
    
Jeon သည် အဂျီမှလွဲ မည်သည်ကိုမှ စိတ်ရှည်သည်    မဟုတ်ပေ။ မတော်လို့ မေးမြန်းတာများဖြစ်လာခဲ့သော် Jeon စိတ်နဲ့ဆို လူရိုက်ပွဲကြီး ဖြစ်သွားပေလိမ့်မည်။ 
 
အဂျီကလည်း အလုပ်ကိစ္စနဲ့ ဘူဆန်ရောက်နေသည်။Jeonတစ်‌ေယာက်ခိုကိုးရာမဲ့ နေပါပြီ။ အားကိုးရာရင်ခွင်ငယ်ကိုလည်း လွမ်းလှချေပြီ။ ကံကြာမ္မာသည် လှလှလေး ကြည်စားတတ်၏။ ညဉ့်နက်မှ ဂျူတီချိန်ပြီး၍ပြန်လာသော ဆရာ၀န်လးသည်  အကူညီလိုအပ်နေသော လူဆိုးကြီးသည် အမှတ်မထင် ကယ်တင်မိတော့သည်။ Jeon သည် အဂျီကို ချစ်သော်လည်း ဥပုဒ်စောင့်သော ကျား ဟုတ်မနေခဲ့ပါ။ စည်းစောင့်ခြင်းတွေသည် အဂျီအတွက်သာ သီးသန့်ဖြစ်တည်ပြီး ချောချောလှလှလေးတွေ မြင်လျှင်တော့ အခွင့်သင့် အခါသင့်လျှင် ဇယားလှလှလေးများဖန်တီးတတ်သည်။ အဂျီသည်လည်း အချိန်တန် အိမ်ပြန်ခဲ့မည်ဆိုလျှင် ကိစ္စမရှိဟု ဆိုသောကြောင့် Jeonသည် အိမ်အပြင်တွင်  ဇယားလှလှများထားနေတော့သည်။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

My Dear Jeon Where stories live. Discover now