"ငါ့ကို ဘာလို့ ဒါတွေလာပြောပြနေရတာလဲ Kim Mingyu"
"တောင်းပန်ပါတယ် ကျွန်တော်...ကျွန်တော် တကယ် တောင်းပန်ပါတယ်"
ချစ်ရသူ၏ လက်လေးကို တင်းနေအောင် ပြန် ဆုပ်ကိုင်လိုက်ရင်း တောင်းပန်စကားကိုသာ တဖွဖွ ပြောနေမိသည်။
"ဒီအချိန်မှ ဒါတွေလာပြောပြနေလဲ အပိုပဲ Mingyu ငါဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲ မင်းသိလား"
.
ဝမ်းနည်းမှုကို မျိုသိပ်ကာ ရင့်မာလှသော စကားလုံးများ ပြောထွက်လို့လာသည်။ ဒါဟာလည်း မကျက်သေးသော နှလုံးသားဒဏ်ရာကြောင့် ဖြစ်မည်။"ကျွန်တော် သိပါတယ် နာကျင်ခဲ့ရမယ်ဆိုတာ ဒါပေမယ့်လေ ကျွန်တော့် အတွက်လဲ လွယ်ကူမနေခဲ့ပါဘူး"
"..."
ဆုပ်ကိုင်ထားသော လက်ကလေးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။
နှစ်ဦးလုံး၏ မျက်ဝန်းများတွင် ဝမ်းနည်းမှု၊ ကြေကွဲမှုတို့ဖြင့် ပြည့်နှက်လို့နေသည်။
Mingyu ကျလာသော မျက်ရည်များကို ခပ်မြန်မြန် သုတ်လိုက်သည်။
ထို့နောက် ဟန်ဆောင်ကာ ပြုံးရင်း
"အဟင်း... ကျွန်တော် ပြောပြချင်တဲ့ စကားတွေလဲ ပြောပြပြီးပြီ ဆိုတော့ ကျွန်တော် ပြန်တော့မယ် Hyung ကျန်းမာရေး ဂရုစိုက်နော်"
တစ်ခွန်းမှ ပြန်မပြောတော့တာကြောင့် နှုတ်ဆက်ကာ လှည့်ပြန်မည်လုပ်တော့
"Kim Mingyu!"
နောက်ကနေ အော်ခေါ်သံလေးကြောင့် လှည့်ကြည့်မိသည်။
"Mingyu... မင်း အတွက် ငါက အဲ့လောက်တောင် လွယ်ကူနေလား ဟမ်... အခုလည်း မင်းပြောချင်တာပြောပြီး ထားသွားပြန်ပြီ ငါ့... ငါ့ကို ထပ်ပြီးစွန့်ပစ်သွားပြန်ပြီ ... ငါက မင်း အတွက် မလိုရင် စွန့်ပစ်မယ့် အမှိုက်သာသာပဲလား... ဟင့်"
ရှိုက်ကြီးတငင် ငိုကြွေးလို့နေသော ချစ်ရသူနား အပြေးလေးသွားကာ
"မဟုတ်ပါဘူး hyung ရယ်... မငိုပါနဲ့တော့ တောင်းပန်ပါတယ် ကျွန်တော့်... ကျွန်တော့် ရင်တွေလည်း ကွဲလှပြီ"

YOU ARE READING
𝗟𝗘𝗙𝗧𝗢𝗩𝗘𝗥 [Completed]
Fanficဝေးကွာလွန်းတဲ့ နေရာကို ရောက်ရှိနေတဲ့ မင်းကို ငါ လိုက်မရှာချင်တော့ဘူး... ဒါပေမယ့် ကံကြမ္မာဟာ ငါ့ကို မျက်နှာသာပေးခဲ့ရင်တော့ မင်းနဲ့ ပြန်ဆုံနိုင်အောင် ငါထပ်ပြီး ကြိုးစားမိအုံးမယ်။ သိပ်ကို လွမ်းမိပါတယ်... Meanie Fanfic 💌 [Happy Ending]✨️ One-shot လေးရေ...