ဒီနေ့သည် မြတ်ဦးမာန်အတွက်ပျော်စရာကောင်းတဲ့ နေ့ဆိုလည်းမမှားပါ။ဘာကြောင့်လဲဆိုတော့သူငယ်စဉ်ကတည်းက တစ်ဖက်သတ်ချစ်ရတဲ့ crush က သူ့ကို ဖွင့်ပြောခဲ့လို့ပင်
"မြတ်ဦး မြတ်ဦး"
"ဟင် ရဲမင်းထက်"
"အေး ငါ မင်းကို ပြောစရာရှိလို့ လိုက်ရှာနေတာ "
"ပြောလေ "
"ဒီမှာပြောလို့မရဘူး ငါနဲ့ဟိုဘက်ခဏလိုက်ခဲ့"
"အော် အေးအေး"
စနေနေ့တိုင်းကျူရှင်ဆရာမ ဘုရားထဲလိုက်ပို့နေကျဖြစ်သည်။ ဒီနေ့သည်လည်း
စနေနေ့ဖြစ်သောကြောင့် မြတ်ဦးမာန်တို့သူငယ်ချင်းအုပ်စု ဘုရားထဲက ကြာသပတေးထောင့်တွင် စုထိုင်နေကြသည်။ ထိုမှ စန္ဒကူးတောထဲသို့ မြတ်ဦးမာန်နှင့် ရဲမင်းထက်တို့ နှစ်ဦးတည်းသာ ထွက်ခဲ့ကြသည်။"ဘာပြောစရာရှိလို့လဲ ရဲမင်းထက်"
"ငါနဲ့တွဲရအောင် မြတ်ဦး
ငါမင်းကိုချစ်တယ်
ဘယ်အချိန်ကတည်းကမှန်းမသိပေမယ့် မင်းကိုတခြားသူတွေနဲ့မြင်ရင်
ငါ ဒေါ်သထွက်တယ်
ငါမကြိုက်ဘူး မြတ်ဦးရာ "မြတ်ဦးကြောင်တောင်တောင်နှင့်ပင် ရပ်ကြည့်နေမိသည် ထိုစဉ် ရဲမင်းထက်ကအခွင့်အရေးယူကာ မြတ်ဦးရဲ့လက်ကိုဆွဲကိုင်ရင်း စကားဆက်သည်
"ငါတို့အသက်ငယ်သေးမှန်း ငါသိပါတယ်။ဒါပေမယ့်ငါမင်းကို စိတ်မချဘူး ဒီနေ့ဆိုဘဲကြည့်လေ မင်းကရိုးရိုးလေးဝတ်လာတာဘဲ ဒါပေမယ့် လှနေတယ်လေ မင်းဘေးမှာ ငေးကြည့်နေတဲ့သူတွေအများကြီးဘဲဆိုတာကော မင်းသိလား ယောက်ျားလေးတွေကော မိန်းကလေးတွေကော( တောက်စ်)"
မြတ်ဦးလည်း ရဲမင်းထက်ပြောမှ ကိုယ့်ကိုယ်ကိုသေချာပြန်ကြည့်မိသည် အပြာနုရောင်ဝမ်းဆက်နှင့် အသားဖြူသည်လည်းမဟုတ် ဝါသည်လည်းမဟုတ် ဗမာအသားအရည်နဲ့ ဝင်းဝင်းဝါဝါလေးနှင့် ကျက်သရေရှိလှသည် ဘေးပတ်ဝန်းကျင်ကြည့်တော့လည်း ဘယ်သူမှမရှိပါ ညနေဆောင်းဖြစ်သောကြောင့် နေရောင်မဟုတ်ဘဲ မီးရောင်ကြောင့် လင်းလတ်နေသော ရဲထက်မင်းရဲ့ မျက်လုံးတွေကြည့်ရင်းနဲ့ သူဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါ။