ကြယ်စင်သာယာနိုင်ငံရဲ့ အဓိကမြို့တော်ရဲ့ထွက်ပေါက်ရှေ့၀ယ်....။ရှင်းလ၀န်းသန့်တစ်ယောက် နောက်ဆုံးတော့ သူကြယ်စင်သာယာနိုင်ငံကနေ ထွက်ခွာနိုင်ပြီဖြစ်တာကြောင့် အလွန်မှပျော်ရွှင်မြူးထူးနေသည်။ တစ်ခါမှအိမ်ထဲကနေအိမ်ပြင်တောင် မထွက်ဖူးတဲ့ သူ့အတွက်တော့ ဒါကကြီးမားတဲ့စွန့်စားမှုတစ်ရပ်ပင်ဖြစ်သည်။
သို့သော်လည်း လမ်းတစ်လျှောက်မှာ အလွန်တရားမှလှပသော ရှုခင်းများ... ချောမောလှပသောလူများစွာကို မြင်ခဲ့ပြီးသည့်နောက်မှာတော့ အိမ်ကထွက်ပြေးခဲ့ခြင်းကို လုံး၀ကိုနောင်တမရ..။
သူ၏ပန်တိုင်းက... အင်ပါယာကျောင်းတော်ကြီးကို ဖြစ်သည်။ အင်ပါယာကျောင်းတော်ကြီးကိုသာ ၀င်ခွင့်ရရင် သူရဲ့တုံးအမှုတွေဟာ ပျောက်သွားပြီး အရည်အချင်းရှိလာမှာ ကျိန်သေသည်။ သူများတွေရဲ့ လှောင်ပြောင်မှုတွေကနေလည်း လွှတ်မြောက်သွားမှာ။
လွယ်ထားတဲ့ကျောပိုးအိတ်ကြိုးကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်ပြီး သိပ်မ၀ေးတော့တဲ့အနာဂတ်ကိုကြိုတွေးရင်ဖြင့် အင်ပါယာကျောင်းတော်ကြီးဆီသို့ ဦးတည်လိုက်သည်။
သို့သော် သူ့အနာဂတ်ကြီးက ရှေ့လူသွားလမ်းမှာ ပတ်လက်အိပ်ပျော်နေတဲ့လူတစ်ယောက်ကြောင့်ရပ်တန့်သွားသည်။
အို! အိပ်ပျော်နေတာကော ဟုတ်ရဲ့လား... ဒီလိုတောကြိုအုပ်ကြားမှာလေ ။ တချို့ပြောကြတယ်.. နာကျည်းချက်တွေပြည့်နေတဲ့တစ္ဆေတွေက သာမာန်လူတွေကို ဖမ်းစားဖို့ အယောင်ဆောင်ပြီး ဆွဲဆောင်တတ်တယ်တဲ့....။ဖြစ်နိုင်ပါ့မလား....။
ရှင်းလ၀န်းသန့် အိပ်ပျော်နေတဲ့လူကို ခပ်၀ေး၀ေးကမရဲတရဲလှမ်းကြည့်ကာ ခေါင်းယမ်းလိုက်သည်။
မဖြစ်နိုင်ဘူး....။ သူက အ၀ေးကလှမ်းကြည့်တာတောင် ကိုယ်ရောင်ကိုယ်၀ါတွေတောက်ပနေတာများ...။ အလွန်ကိုချောမောပြီး..အလွန်ကို စိတ်ထားကောင်းသူဖြစ်ရမယ်..။
ရှင်းလ၀န်းသန့်ဟာ သူအတွေးနဲ့သူ ထိုအိပ်ပျော်နေတဲ့လူရဲ့ချောမောမှုတွေကို အနီးကပ်မြင်ရအောင် အနားတိုးသွားလိုက်သည်။