Ep4

1 1 0
                                    

အခန်းငယ်တစ်ခု၀ယ်....။

လူငယ်လေးတစ်ယောက်သည် အိပ်မောကျနေသည်။ သူ၏ ဘေးတွင်တော့ ကောင်မလေးတစ်ယောက်ဟာ ကုတင်အရှေ့က ထိုင်ခုံးပေါ်မှာ ထိုင်နေသည်။ သူမသည် သူမနဲ့ ရုပ်ဆင်းတူလှတဲ့ အိပ်ပျော်နေသော ကောင်လေးကို မျက်တောင်ပင်မခတ်ဘဲ ငေးကြည့်နေသည်။

တစ်ချိန်အတော်အတန်ကြာ ငေးကြည့်ပြီနောက်မှာ အိပ်မောကျနေခဲ့တဲ့လူငယ်လေးဟာ မျက်တောင်တို့ဟာ အနည်းငယ် လှုပ်လာကာ နိုးလာတော့မည့် အရိပ်ယောင်ပေါ်လေသည်။

"နိုးပြီလား...."

အေးချမ်းတည်ငြိမ်ပြီး ရင်းနှီးလှ‌သောအသံကို ကြားလိုက်စဥ် ရုတ်တရပ်ကိုယ်ခန္ဓာတောင့်ခဲသွားပြီး အတည်ပြုလိုဟန်ဖြင့် မျက်လုံးတစ်စုံကို ဖွင့်ကာ အရှေ့မှာ ထိုင်နေတဲ့လူကိုကြည့်လိုက်သည်။

ရင်းနှီးမစိမ်းသက်လှတဲ့မျက်နှာလေး တွေ့လိုက်ရသောအခါ ရင်ထဲ၀ယ် ပျော်ရွှင်၀မ်းနည်းမှုကို တစ်ပြိုက်နက် ခံစားရလိုက်သည်။

တစ်ဆက်တည်း အဖြူရောင်ဆံပင်ရှည်နဲ့ အနီးရောင်မျက်၀န်းတစ်စုံကို ကြည့်ရင်း ၀မ်းနည်းလာကာ အက်ကွဲနေသောအသံဖြင့်..

"တောင်းပန်ပါတယ်... ကိုယ်‌ကြိုးစားခဲ့တာတောင် တာ၀န်မကျေခဲ့ဘူး..."

Lilly မျက်၀န်းတစ်စုံဟာ မကျေနပ်ခြင်းများစွာဖြင့် ပြည့်သွားသည်။

"အစောကြီးကတည်းက ကျိန်စာကငါ့ကိုရည်ရွယ်တိုက်ခိုက်ခဲ့တာ ။
ငါ့အစား သွားခဲ့တဲ့မင်းကို ငါအပြစ်တောင် မတင်ရသေးဘူး မင်းက တာ၀န်မကျေခဲ့ဘူးဘာညာလာပြောနေတော့ ငါ့ဒေါသကိုလာဆွနေတာနဲ့မတူနေဘူးလား...."

မာန်ဂုဏ်ရှိန် လှဲနေရာမှအားယူထလိုက်ပြီး ကုတင်ရဲ့ခေါင်းရင်းကိုကျောမှီလိုက်သည်။ ထို့နောက် အသက်ပြင်းဖွဖွလေးချလိုက်ကာ..

"မင်းတကယ်လို့ သွားခဲ့ရင်လည်း ရလဒ်ကကိုယ်နဲ့မတူတဲ့တစ်မျိုးပြောင်းသွားမှာစိုးလို့ပါ...."

Lilly က သူပြောချင်တဲ့ဆိုလိုရင်းကို နားလည်သည်။ ဒီနှစ်‌တွေမှာ သူ့အစ်ကိုကိုအခဲမကျေရင်း သူ့စိတ်သူ့လည်း ပြန်ဆန်းစစ်ခဲ့သည် ။ သူ့ဒေါသတွေ၊ သူ့ရဲ့အနိုင်ခံလိုစိတ်တွေက အဲ့နေရာမှာ သွားခဲ့ရင်လည်း အကုန်လူသတ်ကွင်းဖြစ်ပြီး သူလည်းအပြစ်တွေလုပ်မိပြီး ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းနေရတော့မှာ ကျိန်သေသည်။

လွတ်လပ်သော နယ်မြေWhere stories live. Discover now