Ep5

0 1 0
                                    

ရှင်းလ၀န်းသန့်သည် နောက်ဆုံးတော့ အင်ပါယာကျောင်းဆောင်ကြီးမှာ ကျောင်းတတ်ခွင့်ရလိုက်သည်။ သူနဲ့အတူ ကျောင်းလိုက်တတ်မယ့်လူတွေက အစ်မRose၊အစ်ကိုနေယံအပြင် တောမှာ အိပ်ပျော်နေခဲ့တဲ့ ချောမောတဲ့လူကြီးလဲပါသည်။ ပြီးတော့ သူနဲ့ရုပ်ချင်လုံး၀ကို တူတဲ့နတ်သမီးလေးလည်း သူတို့နဲ့တစ်ခန်းထဲဘဲ။

နတ်သမီးလေးက အရမ်းကိုမှစိတ်ကောင်းပြီး သူ့အ‌ပေါ်ကိုလည်းအမြဲကောင်းသည်။ ကျောင်းတတ်ဖို့ လိုအပ်တဲ့၀တ်စုံတွေ၊စာအုပ်တွေတွေ၊အဆောင်ငှားခ စသည့်လိုအပ်သမျှကို သူမကအကုန်ခံပေးသည်။ အရမ်းကိုစိတ်ကောင်းတာဘဲ..။ ပြီးတော့ အရမ်းရမ်းလည်းချောသည်။ သို့သော် သူမရဲ့အမွှာအစ်ကိုနဲ့ယှဥ်လိုက်ရင်ဖြင့် သူမ၏အမွှာအစ်ကိုကပိုချောလေသည်။ သူမ၏အမွှာအစ်ကိုသည် ဘေးပတ်လည်တွေ မျက်စီစူး‌‌လောက်အောင် အလင်းရောင်တလက်တလက်တောက်ပနေပြီး ချောမောသည်။ နတ်သမီးလေးကတော့ ဘေးပတ်လည်မှာ အ‌နည်းငယ်မည်းမှောင်နေသည်။ သို့သော် ထိုအမည်းရောင်တွေဟာ တခြားလူတွေလိုမများတာကြောင့် ချောမောတဲ့မျက်နှာ‌လေးကို ပေါ်လွင်နေသည်။

ထိုနောက် သူကဘေးနားမှာ ထိုင်နေတဲ့Lillyကိုပြုံးပြလိုက်သည်။ သူကလည်း အကြောင်းအကျိုးမရှိဘဲ ပြုံးဖြီးနေတဲ့ ရှင်းလ၀န်းသန့်ကို ပြန်ပြုံးလိုက်သည်။ သို့သော် သူ့အလှက မာန်ဂုဏ်ရှိန်ကိုမမှီကြောင်း တွေးနေတာသာသိရင် နေရာမှာတင်ထသတ်မှာဖြစ်သည်။

Zအခန်းကတော့ စားရေးခုံးများစွာ ရှိ‌သော်လည်း လူကတော့အနည်းငယ်သာရှိ၏။ Lillyတ်ို့ လူ၅ယောက်အပြင် မိန်းကလေးနှစ်ယောက် ကောင်လေးနှစ်ယောက်ဘဲရှိသည်။ သူတို့ပုံကြည့်ရတာ သင်ခန်းစာတွေကို သေချာလုပ်မည့်ဟု ဆုံးဖြတ်ထားတဲ့အတိုင်းပင်။ Lilly နှာခေါင်းရှုပ်လိုက်သည်။ သူက စာကြမ်းပိုးတွေနဲ့ဓာတ်မတည့်တဲ့ရောဂါရှိသည်။ ၀ေး၀ေးနေမှ....။

ခုံးတွေက နှစ်ယောက်တစ်တွဲထိုင်ဖို့ စီစဥ်ထားတာကြောင့် Lillyက ပြတင်ပေါက်နဲ့နီးတဲ့ခုံးမှာ ရှင်းလ၀န်းသန့်နဲ့တစ်တွဲထိုင်သည်။ ရေခဲမင်းသားလေးမာန်ဂုဏ်ရှိန်ဟာ သူတို့နောက်မှာ တစ်ယောက်တည်းထိုင်ပြီး ထွန်းနေယံလင်းနဲ့ Roseက မာန်ဂုဏ်ရှိန်နောက်မှာ တစ်တွဲထိုင်သည်။ ကျန်တဲ့လူတွေကတော့ ထိုင်ခုံးများစွာ ပိုနေတာကြောင့် တစ်ခုံမှာတစ်ယောက်နှုန်းထိုင်ကြသည်။

You've reached the end of published parts.

⏰ Last updated: Sep 10 ⏰

Add this story to your Library to get notified about new parts!

လွတ်လပ်သော နယ်မြေWhere stories live. Discover now