ညနေစာကို လီဆာချက်ပေးထားတဲ့ဟင်းတွေက်ိုJennie ပလုတ်ပလောင်းစားပြီးတော့ ဂျန်းနီက
"အလုပ်သွားလုပ်တော့မယ်"
အချိန်အားဖြင့်ညဘက်၉နာရီတောင်ရှိနေပြီဖြစ်ပြီးတစ်နေ့လုံးလဲရုံးမှာအလုပ်လုပ်လာတာကို
"အချိန်ပိုအလုပ်လုပ်တာနော်ငါ့ကိုလာမနှောင့်ယှက်နဲ့"
ဆိုဖာပေါ်မှာစာအုပ်လေးတစ်အုပ်ဖတ်ရင်းလီဆာစဉ်းစားနေမိတယ်
ငါ့ဂျန်းနီလေးကနည်းနည်းမှမပြောင်းလဲသွားဘူး ရည်မှန်းချက်ကြီးတယ်ဉာဏ်ကောင်းတယ် အခုထိလဲ အလုပ်လုပ်နေတာရပ်ကိုမရပ်ဘူး
တွေးရင်းလီဆာအိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ဂျန်းနီက၁၇နှစ်အရွယ်မျက်နှာပေါက်လေးဖြစ်နေပြီးတော့ ငိုနေခဲ့တာ
"ဘာလို့ငိုနေတာလဲဂျန်းနီ "
သူပြောလိုက်မိတော့ အိပ်နေရာကနေနိုးသွားတော့ သူဆိုဖာပေါ်မှာအိပ်ပျော်သွားတာပဲ နာရီကိုကြည့်လိုက်တော့မနက်၃နာရီ
လီဆာတိတ်တိတ်ကလေးဂျန်းနီအခန်းထဲဝင်ကြည့်တော့ သူမကနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတာ
သူမဟာ ၂၇နှစ်ပဲဖြစ်ဖြစ်၁၇နှစ်ပဲဖြစ်ဖြစ်ငါ့အတွက်အမြဲချစ်ဖို့အကောင်းဆုံးပဲ
မနက် အလုပ်မှာ အထက်ကစီနီယာက ဂျန်းနီကိုမြင်တော့
"ဟဲ့ ဂျန်းနီ ဘာဖြစ်တာလဲမနေ့ညကမအိပ်ဘူးလား"
"အိပ်မက်ထဲမှာအလုပ်လုပ်နေတာ"
"ဒီကိစ္စအတွက်အဲ့လောက်ထိလုပ်စရာမလိူပါဘူး"
စာတွေရိုက် ဖိုင်တွေကူး ပရင့်တွေထုတ်ပြီး သေချာစီစစ်ပြီးသွားတော့
အထက်လူကြီးဆီကစာဝင်လာတယ်
အချိန်သိပ်မရှိလို့ပညာသင်ဆုအကြောင်းအချက်အလက်ကိုငါ့ဆီတိုက်ရိုက်လာပေးနော်
ဒါရိုက်တာရုံးခန်းထဲကိုသွားပေးတော့
"ဂျန်းနီ အစိုးရကထောက်ပံ့တဲ့ပညာသင်ဆုကျောင်းကထောက်ပံ့တဲ့ပညာသင်ဆုစွမ်းရည်ပညာသင်ဆုအားလုံးရောနေတယ် !!!!"
YOU ARE READING
return to school life and first love
Teen Fiction27နှစ်အရွယ်ရှိတဲ့ ဂျန်းနီဂင်နဲ့17နှစ်အရွယ်ရှိတဲ့ဂျန်းနီဂင်နေရာချင်းလဲသွားတဲ့အခါ