6

139 21 3
                                    

[Unicode]

ကြယ်တွေကြွေတဲ့အခါ ဆုတောင်းရင် ဆန္ဒတွေအမှန်တကယ်ဖြစ်လာတတ်တယ်လို့ ဆိုကြပေမဲ့ တကယ်အမှန်ဖြစ်မလာနိုင်တာကို အရွယ်ရောက်ပြီးသားလူတိုင်း မသိစိတ်ကနားလည်နေကြပြီးသားပဲ...။

အမှန်တကယ်ဖြစ်မလာနိုင်တဲ့ဆန္ဒတွေ တောင်းဆိုတာကို ရပ်တန့်လိုက်တဲ့အချိန်မှာပဲ သူ့ကြယ်လေးက မြေပြင်ပေါ် ကြွေကျသက်ဆင်းလာလေရဲ့ ။ သူ့ဆုတောင်းကို နားမထောင်လိုက်ရဘဲနဲ့လေ..။

•°•°•

မိုးစက်သံတဖျောက်ဖျောက် ။ ဗြုန်းစားကြီး ရွာချလာတဲ့မိုးရေတွေကြားထဲ သူ့တစ်ကိုယ်လုံးရွှဲစိုမသွားခင် အနားမှာရှိတဲ့ ၂၄ နာရီစတိုးဆိုင်ရှေ့ အလျင်အမြန် မိုးဝင်ခိုလိုက်ရတယ် ။ သူ့ suit ပခုံးစွန်းနဲ့ နောက်ကျောဘက်တွေတင်မကဘဲ ဘောင်းဘီအနားသားတွေနဲ့ ရှူးဖိနပ်ပါ စိုစိစိနဲ့ညစ်ပတ်သွားတာကို ခံစားလိုက်ရတယ် ။

ဒီရပ်ကွက်ထဲ ကားဝင်လို့မရလို့ သူခပ်လှမ်းလှမ်းက ကားပါကင်မှာ ရပ်ခဲ့ရတယ် ။ ဒီလိုမိုးအခြေအနေနဲ့ သူ့ကားဆီ ပြေးသွားရင်တောင် ရွှဲစိုသွားမှာပဲ ။ နောက်ဆုံး စတိုးဆိုင်ထဲက ထီးတစ်ချောင်းဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီးမှ သူ့ပိုက်ဆံအိတ်ကိုကားပေါ်မှာ ထားခဲ့မိမှန်း အသိဝင်လာတယ် ။ ဒါပေမဲ့လဲ သူအလျင်စလိုမဖြစ်ပါဘူး ။ မျက်စိရှေ့မှာ လှမ်းမြင်နေရတဲ့ တိုက်ခန်းကို သူခပ်တွေတွေပဲ ငေးနေမိတယ် ။ သူသာ အချိန်အကြာကြီး ငေးမောစောင့်ကြည့်နေရင် အဲ့တိုက်ခန်းဆီက တစ်စုံတစ်ယောက် ဆင်းလာတော့မဲ့အတိုင်း...။

"အာ ကျွန်တော်တို့ထပ်တွေ့ပြန်ပြီပဲ "

ရင်းနှီးနေတဲ့ စကားသံကို မမျှော်လင့်ဘဲ ကြားလိုက်ရတာကြောင့် သူ့အကြည့်တွေက အသံလာရာ လှည့်ကြည့်လိုက်မိတယ် ။ စတိုးဆိုင်ထဲက ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့ထွက်လာတဲ့ ဆရာဝန်က သူ့ကို အံ့အားသင့်စွာ ကြည့်နေလေရဲ့ ။ သူလဲ မမျှော်လင့်ထားမိတာကြောင့် ခဏတော့ ပြောစရာပျောက်ရှသွားရတယ် ။ ဆွေးနွေးခန်းမှာမြင်ရလေ့ရှိတဲ့ ဆရာဝန်ရဲ့ပုံစံနဲ့လက်ရှိပုံစံက နည်းနည်းတော့ ကွဲပြားနေသယောင်ခံစားလိုက်ရတယ် ။

You've reached the end of published parts.

⏰ Last updated: Aug 18 ⏰

Add this story to your Library to get notified about new parts!

Lonely PlanetWhere stories live. Discover now