Unicode
လော့ချန်၏ဇနီးသည်က ပို၍ပင် သာမာန်ဆန်သည်။သူမသည် ကျေးလက်တွင် မွေးဖွားခဲ့ပြီး ပညာမတတ်ပေ။ သူမသည် ရိုးရှင်း၍ ရိုးသားပြီး စိတ်၀င်စားဖွယ်မကောင်းသည့် ရုပ်ရည်မျိုးပင်။ လူအုပ်ထဲပစ်ချသည့်အခါ လူတွေ သူမကို လှည့်ကြည့်ရန်က လော့ချန်ထက်ပင် အလားအလာနည်းသည်။
ထိုကဲ့သို့သော သာမာန်ရုပ်ရည်သွင်ပြင်နှင့် အလုပ်သမားနှစ်ယောက်က လော့ချယ်လို ချောမောခန့်ညားသည့် သားလေးကို တကယ်မွေးဖွားခဲ့သည်လား။မျိုးရိုးဗီဇပြောင်းသွားလျှင်ပင် ဤအဆင့်အထိ ပြောင်းလဲစရာအကြောင်းမရှိချေ။
ထို့အပြင် လော့ချန်နှင့်သူ၏ဇနီးသည် အရပ်မရှည်သော်လည်း လော့ချယ်သည် အရပ် 1.88 မီတာရှိသည်။အမျိုးသားတစ်ယောက်အတွက်တော့ ထိုအရပ်အမြင့်သည် ပြီးပြည့်စုံလုနီးပါးပင်။ ပျမ်းမျှအရပ် 1.6 မီတာသာရှိသည့် ဒီစုံတွဲက ပြီးပြည့်စုံသည့် ကလေးတစ်ယောက်ကို တကယ်မွေးနိုင်ပါ့မလား။
သူသည် ဖခင်ဖြစ်သူ၏ မြင့်မားလှသော ဆေးဖိုးဝါးခကို ပေးရန်အတွက် အရွယ်မရောက်သေးခင်ကတည်းက ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး များစွာ ခံစားခဲ့ရသည်။
ထိုသို့သောကြိုးစားမှုမျိုး၊ အခက်အခဲနှင့် ပင်ပန်းနွမ်းနယ်မှုကို မကြောက်သည့်စိတ်က အရင်တုန်းကသူ့လိုပင်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့စိတ်ထဲ သံသယတွေ ပိုနက်ရှိုင်းလာတော့၏။
လော့ချန်၏ဇနီးသည် တစ်ချိန်က ဆွေမျိုးများနှင့် အသိအကျွမ်းများမရှိသော အရပ်သို့ တစ်ယောက်တည်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။ထိုအချိန်တုန်းက သူမသည် ကိုယ်ဝန်ရှိနေခဲ့သည်မလား။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ပစ်ပစ်ခါခါဆက်ဆံခဲ့သည်။ ဤသည်က အရမ်းထူးဆန်းနေပြီးသားဖြစ်ပြီး သူမသည် အသိအကျွမ်းမရှိသောအရပ်တွင် နေထိုင်သွားခဲ့သည်။ထိုသည်က ပို၍ပင် ထူးဆန်း၏။
သူမ အဘယ်ကြောင့် ထိုသို့လုပ်ရသည်လဲ။ ထိုသို့ပစ်ပစ်ခါခါနေခြင်းက သူ့ကလေး၏ ကြီးထွားမှုကို ထိခိုက်စေမှာ မကြောက်ဘူးလား။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)