အတန်အသင့်ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုတွင် ဆယ်ကျော်သက်လူငယ်လေးများအဖွဲ့က လမ်းကြားထဲကနေ ရယ်ရယ်မောမောထွက်လာကြသည်။
လမ်းထိပ်ဘယ်ဘက်ထောင့်ရှိ အငွေ့တထောင်းထောင်းထနေသော အကြော်အိုးနှင့် မွှေးပျံ့သောရနံ့တို့ကို ရရှိသွားသောအခါ ထိုအုပ်စုငယ်လေးဆီမှ ရယ်မောသံတို့ ရုတ်ချည်းတိတ်ဆိတ်သွားလေသည်။
"ငါ ဗိုက်ဆာနေသလိုပဲ"
အတော်ကြာသောအချိန်တွင်မှ တစ်ယောက်က တီးတိုးဆိုလာ၏။
"နောက်လဝက်နေရင် ပွဲတစ်ခုရှိတယ်မလား မစားနဲ့တော့"
တစ်ယောက်ယောက်က ထိုဗိုက်ဆာနေသည့်လူငယ်လေးကို တားလိုက်သည့်အသံပင်။
သိမ်မွေ့သည်လည်းမဟုတ်...၊ နူးညံ့နေသည်လည်းမဟုတ်...၊ နွေလယ်ခေါင်မှာ စမ်းရေကြည်အေးကို သောက်လိုက်ရသည့်ခံစားချက်မျိုးပင်။
Kim ခေါင်းမော့ပြီး ရေသောက်နေရာမှ မျက်လုံးအသာစွေကြည့်လိုက်သည်။
အတော်လေးကို ပိန်ပါးသွယ်လျသည့်ကောင်လေးတစ်ယောက်။ တစ်ဖက်လူကိုဆွဲထားသည့် ထိုကောင်လေး၏လက်ကောက်ဝတ်မှာ သူ့Dickလောက်တောင် မကြီး။
အရိုးမှာ တော်တော်လေးထင်းနေပြီး ကျောက်စိမ်းလိုဖြူဖွေးသည့် လက်လေးတစ်ဖက်ကလည်း အားအနည်းငယ်သုံးလိုက်ရင်ပဲ ကျိုးသွားစေမည်လား သံသယဝင်စေနိုင်၏။
ထိုကောင်လေးမှမဟုတ်ပေ....။ ထိုအုပ်စုငယ်လေးထဲက ကောင်လေးတိုင်းဟာ ပိန်ပိန်ပါးပါးများသာ။
သူကြည့်နေစဥ်အတောအတွင်းမှာပဲ ကောင်လေးက သူ့သူငယ်ချင်းများနှင့်အတူ လမ်းမကြီးအတိုင်း ထွက်သွားခဲ့သည်။
သူ့နှလုံးသားထဲ လစ်ဟာသလိုဖြစ်သွားပြီး ထိုကောင်လေး၏ပုံရိပ်ကိုမဖျောက်နိုင်တော့။ သူ၏နဂိုဗီဇဖြစ်သည့် အရာတစ်ခုကို အလွယ်တကူစွဲလန်းကာ အသည်းအသန်ဖြစ်တတ်သည့်စိတ်က ပေါ်ထွက်လာသည်။
သူ ရေဘူးကိုအဖုံးပိတ်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ ထို့နောက် မျက်နှာပေါ် Maskတပ်၍ ထွက်သွားရန်ပြင်သောအခါ......