နိဂုံး

18 3 0
                                    

နိဂုံး

လောကကြီးတွင် ကျိဖန်း(င်)ဆိုသည့် နေရာတစ်နေရာရှိပါ၏။  သို့သော် ထိုနေရာသို့ ပြင်းပြသောစိတ်ဆန္ဒရှိမှာသာ ရောက်ရှိနိုင်လေသည်။ လွန်ခဲ့သော ၈ နှစ်ခန့်က အမျိုးသားငယ်တစ်ယောက်ဟာ နောက်ဆုံးမှာတော့ ထိုနေရာသို့ ရောက်ရှိလာနိုင်ခဲ့ပြီး ထိုသူ၏အမည်နာမသည် လိန်ကျန့်လင်မည်၏။

သူ့ဖခင်၏ ရန်သူများကို သတ်ဖြတ်လိုလှပြီး သူတို့အား ရက်စက်ဖို့ကောင်းလှသောသေခြင်းမျိုးဖြင့် သေစေလိုလှကာ လိန်မိသားစုက ပိုင်ဆိုင်ခဲ့ဖူးသည့် ဂုဏ်သရေကိုပြန်လည်ရယူလိုခဲ့သည်။ ထို့အပြင် သူ အစဉ်အမြဲ တမ်းတခဲ့ရသည့် အမျိုးသမီးကို လက်ထပ်လိုပါ၏။

ကျိဖန်း(င်)၏သခင်က သူ့အားပစ္စည်းသုံးမျိုးပေးခဲ့သည်။ ဘိန်းအမျိုးအစားဆေးတစ်မျိုး၊ သိုင်းပညာနှင့် မျက်နှာအသစ်တစ်ခုဖြစ်ချေသည်။ သူက ကျိဖန်း(င်)သခင်ထံမှ အရာတစ်ခုကိုလည်း တောင်းယူခဲ့သည်။ ထိုရာမှာ အမည်သစ်တစ်ခုဖြစ်ချေသည်။

ထို့နောက်တွင်တော့ လိန်ကျန့်လင်သည် ကျိဖန်း(င်)မှ ပျောက်ကွယ်သွားခဲ့တော့သည်။

လောကကြီးမှာ အိပ်မက်ရှည်ကြီးတစ်ခုသာဖြစ်ပါကြောင်း ကျိဖန်း(င်)သခင်က ပြောခဲ့သည်။ သူတို့အလိုရှိသောအရာမှာ အိပ်မက်လှလှတစ်ခုသာဖြစ်သည်။ သို့သော် လူအများပြောကြသကဲ့သို့ အိပ်မက်လှလှဆိုသည့်အရာက ထိန်းသိမ်းထားဖို့ ခက်လှပါသည်။ အသင့်အား ရှိုက်ကြီးတငင်ဖြင့် ပို၍ပို၍ငိုကြွေးစေနိုင်သည့် ကဗျာတစ်ပုဒ်က အပြီးမသတ်သကဲ့သို့ ရှေ့ဆက်လို့၍လည်း မရနိုင်ပါ။

***

နောက်တစ်ရက်မနက်တွင် ဖုန်းမော့က လောင်စွမ်း(န်)ကို နှုတ်ဆက်လိုက်ပြီး ပြန်သွားရန်ပြင်ဆင်လိုက်သည်။ အရှေ့ခြံဝင်းကို ဖြတ်သွားသည့်အခါတွင် အနီရောင်အဝတ်စဖုံးလွှမ်းထားသည့် သစ်သားချောင်းရှိသည့်နေရာတွင် ချုံရှင်းက ရူးကြောင်ကြောင်ရယ်မောလျက်ရှိသည်ကို တွေ့လိုက်ရသည်။ သူက အနီရောင်အဝတ်စအား ထပ်ခါတလဲလဲ ဖုံးလိုက်လှပ်လိုက်လုပ်နေ၏။ သို့သော်လည်း သူက အကြိမ်ရေမည်မျှထပ်ခါတလဲလဲလုပ်နေပါစေ ရှည်လျားခြောက်သွေ့နေသည့် သစ်သားချောင်းက သူ၏လှပသော သတို့သမီးကလေးဖြစ်မလာနိုင်ပါချေ။

ဖုန်းမော့က သူ့ထံလျှောက်သွားလိုက်ပြီး ချုံရှင်း၏နားသို့ တီးတိုးကလေးပြောလိုက်သည်။ "သခင်လေးလိန် ခင်များဒီအိပ်မက်ကို သဘောကျရဲ့လား။"

ချုံရှင်း၏ မျက်နှာပေါ်ရှိ ရူးကြောင်ကြောင်အပြုံးတစ်ရပ်က တောင့်တင်းသွားရသည်။ သူ့ထံမှ အဝေးသို့ထွက်သွားသည့် ကောင်လေး၏နောက်ကျောအား ဗလာသတ်သတ်ငေးကြည့်နေလေသည်။ သူ့တံတွေးများက မြေပြင်ပေါ်သို့ တတောက်တောက်ကျနေ၏။ ထိုနေရာတွင် ဤသို့ရပ်နေခဲ့သည်မှာ အချိန်မည်မျှကြာသည်ကိုပင် မသိနိုင်ပါ။ လေတစ်သုတ်က ဖြတ်သန်းတိုက်ခတ်သွားပြီး အနီရောင်အဝတ်စက သူ့မျက်နှာကို တဖြတ်ဖြတ်လွှင့်ကာ ထိခတ်လာသည်။ သူ့လည်ချောင်းအတွင်းမှ ထူးဆန်းသည့်အသံတစ်ခုကို ပြုလုပ်လိုက်ပြီးနောက်တွင် ညင်သာနူးညံ့စွာရယ်မောလိုက်လျက် လက်ကိုဆန့်ထုတ်ကာ အနီရောင်အဝတ်စကို ဆုတ်ဖြဲလိုက်ပါတော့သည်။ ထို့နောက်တွင် ကလေးတစ်ယောက်နှယ် ခုန်ပေါက်နေလေသည်။ "ငါ ဖန်း(င်)ဖန်း(င်)ကို လက်ထပ်မယ်။ ဖန်း(င်)ဖန်း(င်)ကို လက်ထပ်မယ်။"

ထိုအော်သံကိုကြားသောအခါ လောင်စွမ်း(န်)မှာ စိတ်လျော့လိုက်သည်။  သူ၏မှုန်ရီဝါးနေသော မျက်လုံးများက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့၏ ယင်နှင့်ယန်ကို ဖြတ်သန်းမြင်တွေ့နိုင်ပါသည့်အလား။  အသေရေဖျက်မှု၏ ထိခတ်မှုတစ်ရပ်က အကျဉ်းတန်ပါသည့်သူ့မျက်မှာထက်တွင် ထွက်ပေါ်လာသည်။ "သွမ်းမုလန် ဆရာသခင်ရဲ့လျို့ဝှက်စာအုပ်အတွက် မင်းငါ့ကို လုပ်ကြံစွပ်စွဲခဲ့ပြီး ဆရာသခင်ကိုတောင် သတ်ပစ်ခဲ့တယ်။ မင်းက ငါ့ကိုလီဆယ်စွပ်စွဲပြီးတော့ ဒီနေရာမှာတောင် ငါ့ကိုချုပ်ထားလိုက်သေးတယ်။ ဒါပေမဲ့ အဲ့ဒါက စွန့်ပစ်ခံထားရတဲ့ ဒီဉယျာဉ်နဲ့ အရူးကောင်ကို ကူညီပြီးထိန်းသိမ်းစောင့်ရှောက်စေဖို့တဲ့လား။"

လူအိုကြီးမှာ သက်ပြင်းတစ်ချက်ချလျက် ခေါင်းယမ်းလိုက်ပြီး ခါးကိုင်းလျက် ကျောက်တုံးလမ်းအား ပင်ပင်ပန်းပန်းဖြင့် ထပ်ခါထပ်ခါ လှဲကျင်းနေလေတော့သည်။

🌺 -ပြီးပါပြီ- 🌺

ဒီဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။

တစ်ပိုင်းတည်းဆိုပေမဲ့ ဆရာသမားရှောင်ဆွိကတော့ ခံစားချက် အနိမ့်အမြင့်ကိုရအောင်ပေးသွားတာ တွေ့ရမှာပါ။ တစ်ပိုင်းတည်းဆိုပေမဲ့ ဘာသာပြန်ဖို့အတွက် ကဗျာစာသားတွေ သွားရှာရလို့ အီစိမ့်နေတာပဲဗျာ။ အဲ့ဒီတော့ ဖတ်ပြီးတဲ့နောက် နားမလည်တာရှိရင်၊ ဆွေးနွေးချင်တာရှိရင်၊ ထင်မြင်ချက်ပေးချင်တာရှိရင် ဒါမှမဟုတ် ခံစားချက်လေးများ ဝေမျှချင်တာရှိရင်လည်း မှတ်ချက်ကလေးတွေ ပေးခဲ့ကြပါဦးနော်။ 

You've reached the end of published parts.

⏰ Last updated: Aug 22 ⏰

Add this story to your Library to get notified about new parts!

အိပ်မက်ပွဲတော် || 梦祭Where stories live. Discover now