Disclaimer : This part contains mature content. Read at your own risk!
ကော်ဖီဆိုင်၏ ထောင့်အကျဆုံးဝိုင်းတွင် သူတို့တိတ်တဆိတ်ထိုင်နေမိသည်။ အပြင်ရာသီဉတုက မိုးတဖြောက်ဖြောက်နှင့် အေးစိမ့်စိမ့် ဖြစ်နေသကဲ့သို့ သူတို့ရှေ့ရှိ ကော်ဖီခွက် နှင့် နွားနို့ခွက် ကလည်းအေးစက်နေပြီ။ ရှောင်းကျန့် ကား လက်ထဲရှိ ultrasound ပုံလေးနှင့် ကိုယ်ဝန်စစ်တံ အား မယုံကြည်ခြင်းများစွာဖြင့် အပြန်ပြန်အလှန်လှန်ကြည့်နေမိသည်။ ထိစပ်လုဆဲဆဲ ကျုံ့ထားသည့် ရှောင်းကျန့် မျက်ခုံးတွေက ရိပေါ် ကိုအလွန်ပဲစိတ်မသက်မသာဖြစ်စေပါသည်။
" ကျွန်တော် ဒီကိုယ်ဝန်ကြောင့် ကျန့်ကော ကိုချုပ်နှောင်ချင်တာမျိုးမဟုတ်ပါဘူး။ ဒီအတိုင်း ကျန့်ကော လည်း ကလေးလေးအဖေပဲမို့ သိသင့်တယ်ထင်လို့ပါ "
" မဟုတ်ဘူး မဟုတ်ဘူး ရိပေါ်။ မင်းကိုယ့်ကို ချုပ်နှောင်ချင်နေတာလို့ ကိုယ်မထင်ပါဘူး။ ဒါပေမဲ့ မင်းကို beta လို့ပဲသိထားတော့ ကိုယ်အံ့ဩသွားရုံပါ။ ဟား.... ကိုယ် တကယ်တော့ သောက်ရမ်း.. ကလေးအဖေဖြစ်ဖို့ စိတ်လှုပ်ရှားနေတာ "
ရယ်မောရင်း ရှေ့က ကော်ဖီကိုငုံသောက်လိုက်သည့် ရှောင်းကျန့် ပုံစံက အံ့ဩခြင်းနှင့်ဝမ်းသာခြင်းများ ရောယှက်နေသည့်ပုံ။
" ကိုယ်.. မင်းနဲ့ ကိုယ်တို့ကလေးလေး နဲ့ရော အတူတူရှိရဖို့မစောင့်နိုင်တော့ဘူး "
" ခင်ဗျာ.. "
" လက်ထပ်ကြမယ်လေ ရိပေါ်။ ကိုယ် ပါ့ပါ နဲ့ မာ့မာ ကိုပြောပြီး စီစဉ်စရာရှိတာစီစဉ်လိုက်မယ် "
" ခဏနေဦး ကျန့်ကော... ကျွန်တော် ကျန့်ကောကိုလက်ထပ်မယ်လို့ မပြောဘူးနော် "
ပြန်လည်စုကျုံ့သွားသည့် ရှောင်းကျန့် မျက်ခုံးတွေက စိတ်ရှုပ်ထွေးမှုအား အတိုင်းသားဖော်ပြနေသည်။ ကော်ဖီခွက် အား စားပွဲပေါ်ပြန်ချလိုက်ပြီး ရှောင်းကျန့် ကသူ့အား စူးစမ်းသဖွယ်ကြည့်လာသည်။
" ဘာလို့လဲ "
" ကျွန်တော်ပြောတယ်လေ အချစ်မပါတဲ့အိမ်ထောင်ရေးကိုမလိုချင်ဘူးလို့။ ကျန့်ကော က ကျွန်တော့်ကိုချစ်လို့လား "

YOU ARE READING
𝙊𝘾𝙀𝘼𝙉
أدب الهواةOur love is dedicated, complex and turbulent like the OCEAN. No matter how complicated it was, the harmony of our hearts and whispers of the promises may reunite us, one day. This is just an imaginary story and not related to real life. All characte...