Part - 11 [Uni & Zaw]

540 12 2
                                        

Unicode

"ဗိုက်ဆာတယ်"

"ဘာစားမလဲ ကိုယ့်ကိုစားမလား"

ဒေးရဲ့ရွတ်နောက်နောက်စကားကြောင့် ကလေးငယ်ကမျက်စောင်းထိုးရင်း...၊

"အားတော့နာပါတယ် မဝယ်သေးဘူး"

"ဟားးးးဟားးးးဟားးး!"

"အာ...ဦးဒေး....၊ညနက်သန်းခေါင်ကြီးကိုဘာလို့အာပြဲကြီးနဲ့ရယ်နေတာလဲ"

သု့ ပုံစံလေးက သူ့ကိုအခုပဲ ပါးစပ်လာပိတ်တော့မလိုလှုပ်စိလှုပ်စိလေးဖြစ်နေတာမို့ ဒေးပိုကာအူယားနေမိသည်။သုက အစကတည်းကအရပ်ရှည်တဲ့မိန်းကလေးမို့ သုနဲ့ဒေးက အရပ်ကွာတယ်ဆိုပေမယ့် အများကြီးကွာတာမဟုတ် ။ဒေးက‌သု့ထက်ခေါင်းတစ်လုံးစာကိုမဆိုသလောက်ကလေးပိုမြင့်နေတာဖြစ်သည်။ခန္ဓာကိုယ်ကျတော့ မိန်းကလေးနဲ့ယောကျ်ားလေးမို့ ဒေးကသု့ထက်ပိုထွားတာကြောင့် အတော်ကွာသွားသလိုဖြစ်နေသည်။

"ခင်ဗျားလေးကရော ဒီအချိန်ကြီး ဘာထလုပ်တာလဲ"

"ဗိုက်ဆာလို့ပါလိုပြောနေတဲ့ဟာ...၊ဗိုက်ဆာလို့ နိုးလာတာပေါ့"

သု့ကဒေးကိုစိတ်မရှည်သလိုပြောပြီး ဒေးကိုရှောင်ကာလျှောက်လာရင်း ‌ရေခဲသေတ္တာဖွင့်ကာ ဟိုရှာဒီရှာ ရှာတော့သည်။ခဏနေတော့ ခေါက်ဆွဲခြောက်တစ်ထုတ်ကို ဆွဲထုတ်လာတော့သည်။ပြီးတော့ အိတ်ကိုမဖောက်ဘဲ လက်ထဲမှာတင်ချေပစ်လိုက်သည်။

"အဲ့တာဘာလုပ်တာလဲ"

"စားမလို့လေ"

"ခေါက်ဆွဲခြောက်ကိုအဲ့လိုစားရတယ်လို့မင်းကိုဘယ်သူသင်လိုက်လဲ"

ဒေးကအလိုမကျသလို မျက်ခုံးများကိုတွန့်ချိုးကာ သု့ကိုအမေးထုတ်သည်။သုကတော့ ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံဖြင့်....၊

"ဘယ်သူသင်တယ်ရယ်လို့မဟုတ်ပါဘူး....၊ကျောင်းတက်တုန်းက စားမေးပွဲနားနီးတော့ သူငယ်ချင်းတွေစာစုကျက်ကြတာ....အဲ့တုန်းက မုန့်တွေလဲစုဝယ်ပြီးအတူတူစားကြတာ...၊အဲ့တုန်းကဆို ပြုတ်ဖို့ဝေးလာဝေး....၊ဒီတိုင်းချေမွပြီး အမှုန့်ထုတ်တွေဖောက်ထည့်စားကြတာ.....၊အဲ့ကနေအကျင့်ဖြစ်သွားတာ!"

Two Worlds [Complete]Where stories live. Discover now