အလိမ် ၊ အကွေ့ အကောက် ချိုင့်ဝှမ်းများနှင့်
နိမ့်ဆင်းလိုက် တက်သွားလိုက် မြောက်သွားလိုက်
ရှိနေသည့် ကားကြီးက ဘီးများ၏ ခေါ်ဆောင်ရာတွင် တရွေ့ရွေ့ ။ ခရီးသည်များ၏ ရှုခင်းအလှ ခံစား နေကြသည့် မျက်လုံးအကြည့်များကလည်း ကားပြတင်းမှ ပေါက်ထွလုနီးနီး ။ ကားပေါ်မှ
ဖွင့်ထားသည့် စပါယ်ယာ အရွေးတော်လှသော နေရပ်နှင့် လိုက်ဖက်လှသည့် တေးစကားသံများကလည်း လေအလျှင်တွင် တစ်လွင့်လွင့်နှင့် … ။🎼 အို … မြောက်ပိုင်းလမ်း
မူဆယ် ၊ နမ့်ခမ်းလမ်း …
ဪ … မြောက်ပိုင်းလမ်း 🎼" ကျွီ …"
" ဘုတ် … ၊ ကျွီ "
" ဆရာသမား လုပ်ပုံနဲ့ကားတော့ စမုံတုံးပြီ
ထင်တယ် "ကားထိုးရပ်သွားသည့်နှင့် ကားစပါယ်ယာလေး၏
ညည်းညူညူ ပြောသံက ရှေးဦးစွာ ထွက်လာပြီး ၊
သည့်ပြင်တွင်လည်း" ကျော့်ဆရာကို ပြောပါတယ် ။
ဆရာကီးရယ် … ကားမထွက်ခင်
အင်ဂျင်စစ်ပါလို့ ။ အခုတော့ဗျာ "ဂွ တစ်လက်ကိုင်ပြီး လက်နှီးစုပ် တစ်ထည်နှင့်
ကားတစ်ခါးကို အပြေးဖွင့်ကာ ကားဘေးသို့
ဆင်းသွားသည့် စပါယ်ယာ။ စပါယ်ယာ့ စကားကို
မျက်ခုံးကျုံ့ကြည့်ပြီး ပြောစကားပြောက် နေသူက
ဒရိုင်ဗာ ။" စပါယ်ယာ ရှားတဲ့ ခေတ်ဆို တော့လည်း
ကျုပ်အမှားပေါ့ကွာ ။ ကျုပ်အမှားပေါ့ …"" ကားပျက်လို့ ခဏ ပြင်အုံးအယ်ဗျို့။
အပေါ့ ၊ အလေး စွန့်မယ်သူတွေ ရှိရင် ရှင်းလင်း
ရေး စနိုင်တယ် "ကားဝမ်းဗိုက်ထဲရှိ အင်ဂျင်ကို နှ်ိုက်ချွတ်နေသည့်
စပါယ့်ယာ့ထံသို့ သွက်သွက်ဦးတည်လိုက်ရင်း
ခရီးသည်များ၏ မေတ္တာပို့သံများကိုလည်း
သူက အတိုင်းသား ကြားရလျှက်။" ကားပျက်လို့တဲ့ဟေ့ …"
" အမလေးအေ … အဆင်ပြေ ၊ သက်တောင့် သက်သာများ ရှိမလားလို့ ဂျုံးဂျုံးကျ ကားတွေ
မစီးပဲ Express အမြန်ယာဉ်
စီးပါတယ် ။အခုမှ ခရီးက ဖင့်နဲ့ "" ရှင်ဘုရင် တစ်ခါထွက်ပဲကြီး တစ်လှေချက်ထက်ကို ဆိုးနေပြီ အမရယ် ။ အထွက်တုန်းကလည်း
စောင့်လိုက်ရတယ် ဆိုတာ … ။ ဘာတဲ့ …!
လိုက်မယ့် စပါယ်ယာ မရှိလို့ဆိုလား "
YOU ARE READING
" Cross walk proposal " ( on going)