အပိုင်း (၂) ။ ။

22 1 0
                                    

ပြင်ဦးလွင် အ၀င်ဂိတ်သို့ ဆိုင်ကယ်နှင့်ပဲ ထွက်လာခဲ့သည် ။ သူ၏ ကျန်အဖွဲ့ဝင်များက ရုံးကားနှင့်
အစော ကလေးတင် သွားကြပြီ။ ရဲမင်းကြီး
အခေါ်ရှိသည်ရော ၊ ပြစ်မှုတွေရော ၊  စစ်ရမည့်
အမှုများကိုပါ နေ့စဉ်မှတ်တမ်းတွင် လက်မှတ်ထိုးကာ  အကြောင်းအရာထည့်နေရသဖြင့်
သူ၏ တာဝန်ချိန်က ဖင့်သွားခဲ့သည်။

ပြင်ဦးလွင်အထွက် မန္တလေးအတက် ကားများက
သူ့အား ဦးစွာကြိုဆိုလျှက်နှင့် ရှိနေပြီး ယနေ့
တာဝန်ကျရာ တာဝန်ခံက သူဖြစ်နေရ်ျ
ကား၏ ယာဉ်အမှတ်များနှင့် ပါအပ်သည့်
ပစ္စည်းများကိုပါ သူကပဲ စစ်ပေးနေမိသည် ။

" ရဲအုပ် … သတင်းပို့ပါတယ်။
‌မျက်နှာခြင်းဆိုင်ကား ယာဉ်အမှတ် မန္တလေး လိုင်စင် ( မတလ ××××)  မှာ ကားအုံနာဘုတ် အပြင် ၊ ကျန်ပါရမယ့် ယာဉ်မောင်းနေစဉ်မှာ သယ်ယူလာရမယ့် ပစ္စည်း အချက်အလက်
မတွေ့ရှိပါကြောင်း "

" OK "

ယူနီဖောင်း  အကျီလက်ကို ဆန့်လိုက်ပြီး
ကိုင်ထားသည့်  ဖောင်တိန်နှင့် စာအုပ်ကို ယူကာ
တစ်ဖက်လမ်းကို ကူးရသည် ။  ဦးခေါင်းထက်၌
ရှိနေသည့်  ဦးထုပ် နက်ပြာရောင်က သူ၏
ခန္တာ၌ ရှိသည့် ယူနီဖောင်း အဖြူ ၊ အပြာနှင့်
လိုက်ဖက်စွာ ။

" ရဲအုပ် … ဒရိုင်ဗာက သူ "

တစ်ဖက်လူကို တစ်ချက်ကြည့်ပြီး အချက်အလက်
စာအုပ်ကို တောင်းသည်။

"  အချက်အလက် စာအုပ် ၊ ကားသက်တမ်း ။
ယာဉ်မောင်း ထောက်ခံစာ "

" မပါလာဘူး ဆရာ "

" ရှိရောရှိရဲ့လား "

" ရှိ … ရှိ။  ရှိပါတယ် ဆရာ "

" ဘာလို့ မပါလဲ "

" မေ့ခဲ့တာပါ ဆရာ ။  ကျွန်တော် အလျှင်လို
နေတာနဲ့ … ။ ကျွန်တော့် အမျိုးသမီးကို
ပြန်ကြိုရမှာနဲ့ ကျွန်တော် "

" ခင်ဗျားအမျိုးသမီး ဆိုတာက "

" ကုန်ကားထဲမှာပါ ဆရာ "

" ဟ့ … ဟေ့လူ ။ အမြန်ထုတ်လေ ။
အပိတ်ဂိုထောင်ကားထဲ အမျိုးသမီးကိုထည့်ထားတယ်။ ခင်ဗျားလူရော ဟုတ်ရဲ့လား "

" Cross walk proposal " ( on going)Where stories live. Discover now