Episode 8

860 32 0
                                    

ကိုးဒီ​နေ့ပုဂံကိုလည်မှာဆို​တော့ မနက်အ​စောကြီးထဲကမျက်လုံးကပွင့်​နေတာ။ကိုကိုကလည်းမနိုး​သေးဘူးဆို​တော့ ကိုကို့ရင်ခွင်ထဲပဲ၀င်​နေ​လိုက်တော့တယ်။အဲ့အချိန်မှာပဲ

"သည်းငယ် နိုးပြီးလား"

"နိုးပြီ ထ​တော့ ကိုကို"

"ထပါပြီဗျာ လာ ချီမယ် မျက်နှာသစ်ရ​အောင်"

"အွန်းအွန်း"

သူတို့လဲမျက်နှာသစ်ပြီး ကျန်တဲ့နှစ်တွဲဆီသွား​တော့ သူတို့ကပြင်ပြီးဆင်ပြီး၀တ်​ကောင်းစားလှ​တွေနဲ့။​ရှေးဆို skirt အဖြူအရှည်​လေးနဲ့ ကျန်တဲ့သူ​တွေကလည်း အဖြူ​လေး​တွေနဲ့ပုဂံအင်္ကျီ​လေး​တွေနဲ့လည်ဖို့ကိုဘယ်နှနာရီထဲကထပြင်ထားလဲပဲ။

စစ်မင်းမှစပြီး

"ကဲ လူစုံပြီဆိုသွားကြစို့"

"သွားမယ်"

သူတို့လဲ​sunriseကြည့်ပြီး မနက်စာ​တွေဘာ​တွေလဲစားပြီး ပထမဆုံးသွားတာ​တော့ အာနန္ဒာဘုရားပဲဖြစ်တယ်။​ရောက်လဲ​ရောက်​ကော က​လေး​လေး​တွေက ရှင်းပြ​ပေးဖို့လူလိုလား​မေးတာနဲ့ သူတို့အဲ့က​လေး​လေး​ပြောတာကိုနား​ထောင်လိုက်ကြတော့တယ်။

"ဒီအာနန္ဒာကိုတည်ထားကိုးကွယ်ခဲ့တာ​တော့ အကိုကြီးတို့အားလုံးသိပြီးသား ကျန်စစ်သားမင်းပဲဖြစ်တယ်။ဒီအာနန္နာရဲ့ဗိသုကာဒီဇိုင်းဟာ မိုးထိဟန်ဖြစ်ပြီး​တော့ ပတ်လမ်းကသုံးခုရှိတယ်။ကျွန်​တော်တို့​ရောက်​နေတာက​တော့အပြင်ပတ်လမ်း​ပေါ့။ဒီအပြင်ပတ်လမ်းမှာထားထားတဲ့ နတ်ရုပ်ကြီးနှစ်ရုပ်က တိုင်းသူပြည်သား​တွေအထဲကပတ်လမ်း​တွေဆီမ၀င်​အောင်တားဆီးထားတာလို့သိရတယ်။အထဲသွားရ​အောင်"

"ဒီအ၀င်၀ကကျွန်းတံခါးကကျွန်းပင်တစ်ပင်ထဲကလုပ်ထားပြီး​တော့၁၁ရာစုထဲကရှိခဲ့တာပါတဲ့။ဒီမှာပတ်လမ်းသုံးခုရှိပြီးပထမပတ်လမ်းက ရဟန်းသံဃာ​တော်​တွေဖို့၊ဒုတိယပတ်လမ်းကမင်းမျိုးမင်းနွယ်​တွေနဲ့မှူးမတ်​တွေဖို့၊တတိယပတ်လမ်း(​ခေါ် )အပြင်ဆုံးပတ်လမ်းက​တော့တိုင်းသူပြည်သား​တွေဖို့ပဲဖြစ်ပါတယ်။အခု​တော့ပတ်လမ်းအကုန်လုံးကို၀င်လို့ရပြီ​ပေါ့။"

6&9 [​ခေတ္တရပ်နား]Where stories live. Discover now