ကိုးဒီနေ့အရမ်းပျော်နေတယ်။ဘာလို့လဲဆိုတော့ မေမေပြန်လာမှာမလို့ပေါ့နော်။မေမေဘန်ကောက်ကိုအလုပ်ကိစ္စရယ် အပန်းဖြေဖို့ရယ်နဲ့သွားတာ နှစ်ပတ်ကျော်လောက်တောင်ကြာသွားတယ်။ကိုးမှာကမေမေပဲရှိတာဆိုတော့ မတွေ့တာကြာတော့လွမ်းတာပေါ့။ပြောရင်းဆိုရင်းလေယာဥ်ဆိုက်ပြီ။
"မေမေ"
"သားသား"
"လွမ်းနေတာ အင့်"
"မေမေရောပါပဲရှင်"
"သွားမယ် လာ အိမ်ပြန်ကြစို့ ဦးနိုင်ပါတယ်"
"ဟုတ်ပြီရှင် ဒါနဲ့မောင်စစ်မင်းရော"
"ကိုကိုကမီတင်ရှိလို့ ပြီးမှလာမယ်တဲ့"
"ဟုတ်ပြီရှင့်"
အိမ်လဲရောက်ရော မေမေကပင်ပန်းလို့တဲ့ စကားနည်းနည်းပါးပါးပြောပြီး အခန်းထဲ၀င်သွားတယ်။ကိုးလဲအခန်းထဲ၀င်ပြီး ကိုကိုလာတာကိုပဲစောင့်နေလိုက်တော့တယ်။
"ဒေါက် ဒေါက်"
"၀င်ခဲ့ပါ"
ကိုးဘယ်သူလဲလို့ကြည့်လိုက်တော့ နှစ်ယောက်မရှိသောကိုးရဲ့ကိုကို။ကိုးလဲပြေးဖက်လိုက်ပြီး
"အင့် ကိုကိုးး"
"ဗျာ"
"ကလေးလေးကလွမ်းနေတာ"
"ဟောဗျာ လာပါဦး ချီပါရစေ"
ဆိုပြီးကလေးတွေကိုချီသလိုမျိုးချီလိုက်တော့ ကောင်လေးကသဘောကျသွားပြီး လည်ပင်းနားမှာဝှေ့နေတော့တယ်။
"အန်တီ့နားမနေဘူးလား သည်းငယ်".
"မေမေကပင်ပန်းလို့တဲ့ အိပ်နေတာနဲ့ သည်းငယ်လဲအခန်းထဲမှာပဲ ကိုကို့ကိုစောင့်နေလိုက်တော့တာ"
"မေမေပြန်လာတော့ကိုယ်တို့လဲ ခရီးသွားကြမလား"
"ဟင် ဘယ်သွားမှာလဲ"
"သည်းငယ်လေးကဘယ်သွားချင်လဲ"
"အွန်းးးးးးး ပုဂံသွားမယ်"
"ဟုတ်ပြီ မနက်ဖြန်သွားကြတာပေါ့"
"မေမေ့ကိုတစ်ယောက်တည်းထားခဲ့မှာပေါ့"