At Airport
ကိုးဒီနေ့မြူလင်းပြန်လာမှာမလို့စောင့်နေတာဖြစ်တယ်။လေဆိပ်ဆိုတဲ့နေရာကြီးကလူအရမ်းရှုပ်တာပဲ။စိတ်ရှုပ်စရာကောင်းလိုက်တာ။ ကိုးဟိုကြည့်ဒီကြည့်လုပ်နေတုန်းကိုကို့ကိုတွေ့လိုက်ရတယ်။ကိုကိုကဒီကိုဘာလာလုပ်တာပါလိမ့်။ကိုးလဲကိုကို့အနားသွားပြီး
"ကိုကို"
"ဟင် ကိုး ဒီကိုဘာကိစ္စရှိလို့လဲ"
"အာ ကိုးသူငယ်ချင်းUSကပြန်လာမှမလို့လာကြိုတာကိုကို"
"ကိုယ်ရောပဲ လာလာ တူတူထိုင်စောင့်ရအောင်"
"ဟုတ်"
စစ်မင်းတို့ထိုင်စောင့်နေရင်း ကလေးငယ်စီကနေစကားသံလေးထွက်လာတယ်။
"ကိုကို ဟိုမှာကြည့်ဦး လိင်တူလက်ထပ်ထားတာဖြစ်မယ်နော် ကလေးလေးရောပါသေးတယ် ချစ်စရာလေး"
"ကိုးရော ကိုးရဲ့ဖူးစာဖက်ကယောကျ်ားလေးဆိုဘယ်လိုလုပ်မလဲ"
"ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုးကလက်ခံပါတယ်"
"ကိုး ကိုယ်ပြောစရာရှိတယ် သေချာနားထောင်နော်"
"ဟုတ်"
"ကိုယ်မင်းကိုမြတ်နိုးတယ် ကလေးငယ် စတွေ့တွေ့ချင်းကတည်းကမင်းကိုချစ်မိသွားတာ ကလေးငယ်ကမြင်မြင်ချင်းအချစ်ကိုယုံလားမသိပေမယ့် ကလေးငယ်ပြန်ချစ်လာတဲ့အထိ ကိုယ်စောင့်မှာပါ"
"ကိုး..ကိုး စဥ်းစားဦးမယ်"
"ကလေးငယ်ကြိုက်သလောက်အချိန်ယူလို့ရပေမယ့် ကိုယ်အလိုရှိတဲ့စကားလေးပဲကြားချင်တယ်"
"ကိုး စဥ်းစားမှာပါဆို"
"ဟုတ်ပြီဗျာ"
"ဟိုမှာလေယာဥ်ဆိုက်ပြီ သွားကြိုလိုက်ဦးမယ် ကိုကို"
"ကိုယ့်ကိုရောစောင့်ဦးလေ"
ကလေးငယ်ကတစ်ကယ်ချစ်စရာ။
"မြူလင်းး"
"ကိုး"
ဟုဆိုကာ နှစ်ယောက်သားပြေးဖက်လိုက်ကြပါတော့တယ်။