Unicode
ကုမျန်ရောက်ရှိလာခြင်းကြောင့် လော့မိသားစုသည် အလွန်ပင်သက်၀င်တက်ကြွနေသည်။
လော့မာမားသည် ဟင်းကောင်းများကို စားပွဲတစ်ခုလုံးချက်ပြုတ်ထားပြီး လော့ပါပါးသည်တော့ ဦးလေးဖန်*(Ahjussi fan)အဖြစ် အပြည့်အဝပါဝင်ခဲ့သည်။
ကုမျန် သူတို့နှင့် အတူစားသည့်အချိန်တုန်းက လော့ပါပါးက ကုမျန်ကို ပို,ပိုစားခိုင်း၏။
လော့ပါပါးသည် လော့ချယ်ကို "ရှောင်ချယ် ၊ မျန်းမျန်အတွက် ဟင်းသီးဟင်းရွက်လေးတွေ ထပ်ယူပေးလိုက်လေ"
စားသောက်နေစဉ်အတွင်း လော့ပါပါးသည် ကုမျန်အား စိတ်ရင်းမှန်ဖြင့် ချီးကျူးရန်လည်း မမေ့ခဲ့ပေ။"မျန်းမျန်၊ သမီးပါဝင်ခဲ့တဲ့ 'Impossible Challenge' ဆိုတဲ့ reality showကို ကြည့်ခဲ့တယ် သမီးက ဧည့်သည်တွေအားလုံးထဲမှာ ရေပန်းအစားဆုံးပဲ"
လော့မာမားသည်လည်း သဘောတူပြီး "ဟုတ်တယ်၊ သမီးနဲ့တစ်ဖွဲ့တည်းက လီရှောင်းဟယ်က အရမ်းတမျိုးတစ်ဘာသာဖြစ်လွန်းတယ်၊ ပန်းရောင်ဆံပင်ဆိုးထားတဲ့ နန်နန်ကတော့ မိန်းမဆိုးနဲ့တူတယ်"
လော့ချယ် ခေါင်းကိုက်သွားရပြီး ခဏတာမျှ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
'ဒါက သူ့မိဘတွေပါ၊ ဟုတ်တယ်မလား။ ကုမျန်ရောက်လာတော့ သူ့ကို ဘေးဖယ်ထားလိုက်ကြတယ်ပေါ့။'
သို့သော်ငြား သူ့မိဘတွေက ကုမျန်ကို သဘောကျမှန်းတွေ့ရသည့်အခါ သူ အရမ်းပျော်ရွှင်မိသည်။
လော့ပါပါး၏မျက်နှာသည် အပြုံးများ ပြည့်နှက်နေပြီး စိတ်ပျက်အားငယ်ခြင်း သို့မဟုတ် သီးသန့်ဆန်ခြင်းအရိပ်အယောင်ကို မတွေ့ရတော့ပေ။
စိတ်ပျက်အားငယ်ခြင်းနှင့် သီးသန့်ဆန်ခြင်းတို့သည် ယခင်က သူ့မျက်နှာတွင် ပေါ်ထွက်လာလေ့ရှိသော အမူအရာများဖြစ်သည်။ ၎င်းက သူ့ကို မှုန်ကုပ်ကုပ်ဖြစ်စေသည်။
ယခင်က ကုမျန်သည် သူ့ချွေးမဖြစ်ကြောင်း သိသွားသည့်အခါ လော့ချန်သည် သူ့နှလုံးသားထဲတွင် ရှင်သန်လိုစိတ်အနည်းငယ် ရှိလာခဲ့သည်။ သူသည် နေ့တိုင်းရှုပ်ထွေးနေပြီး ဘဝက ငြီးငွေ့စရာဟု ခံစားမိသော်လည်း ကုမျန်က သူ့ချွေးမမှန်း သိသွားသည့်အခါ ဘ၀ရှင်သန်မှုကို ပြန်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)