ကိုကိုကြီး(6)

1.2K 24 5
                                    

အင်းးးးး ညီညီ နိုးလာပြီလားကိုယ့်ကလေးလေး

ဟုတ်ကိုကိုကြီး..သတိမေ့သွားမိလို့တောင်းပန်ပါတယ်ဗျ

တော်ပြီ ညီညီ... ညီညီခေါင်းထဲတင်မက အသွေးအသားထဲမှာပါ ညီညီက ကိုကိုကြီးအပိုင်ဆိုတာကိုမှတ်မိနေရင်ရပြီကလေး..

စနေ့နေ့ တစ်ရက်ကောင်းကောင်းလေး အနားယူလိုက်နော်
နက်ဖြန် အဖျားအရှင်းပျောက်ရင် ကိုယ် ညီညီကို ရုပ်ရှင်လိုက်ပြပေးမယ်

အခုရုံတင်ထားတဲ့ သရဲကားကြည့်ချင်နေတာမလားညီညီ

ဟုတ်ဗျ ကျွန်တော်ခုရုံတင်ထားတဲ့ကားအရမ်းကြည့်ချင်နေတာ ကျေးဇူးတင်ပါတယ်ကိုကိုကြီး..

အင်း ညနေ.. 5 နာရီကျရင်တော့ ကိုယ်နဲ့တူတူလွတ်သွားတဲ့စာတွေပြန်လုပ်ကြမယ်နော် အခုကစပြီး ညီညီအားနည်းတဲ့ ဘာသာရပ်တွေကို ကိုယ်ကူပြီလုပ်ပေးမယ်နော် ဟုတ်ပြီလား....

ဗျာ. ဟုတ်.. ဟုတ်ကဲ့ကိုကိုကြီး

(ပြောတော့ နားလိုက်ဘာလိုက်နဲ့ 5နာရီကျရင် စာကလုပ်ရအုန်းမယ်)

ဘာပြောတာလဲ ညီညီ.. ဘာမှဟုတ်ဘူးလို့ ဘာမှဟုတ်ဘူး

ေတာ်သေးရဲ့ ဒီနေ့ကိုကိုကြီး ပုံစံက ထူးဆန်းပြီးစိတ်ကောင်းတွေဝင်နေပါလား..

အနာပေးလိုက်​ ဆေးပေးလိုက်ပါလား ကိုကိုကြီးရယ်

ကိုကိုကြီးသာ အတ္တမကြီးတဲ့သူ...ကျွန်တော် အပေါ် အခုလို အမြဲ ဆက်ဆံပေးမယ်သူသာဆို ကျွန်တော်ချစ်မိမဲ့သူက ကိုကိုကြီးဖြစ်နိုင်စမ်းပါဘိ ခုတော့က

ကိုကိုကြီးနဲ့ ပထမဆုံး စပြီး စာစသင်ရတဲ့အချိန်
ဝိုင်းကြောက်တာမို့ စာလည်းခေါင်းထဲရောက်ပါ့မလားမသိ

ညီညီ ကိုယ်ရှင်းပြတာနားလည်ပြီလား...
ဗျာ..ဟုတ် နားလည်ပါတယ် ကိုကိုကြီး.
ok ဟုတ်ပြီး ဒါဆို...ဒီမေးခွန်းကို ညီညီဖြေလိုက်

ဖြေလေညီညီ မေးခွန်းလေးတစ်ခုကိုဘာတွေကြာနေတာလဲ

ဟိုအဲ့တာ ညီညီသေချာမသိတော့ဘူး အဟင့် ဟင့်...

ခုနကမေးတော့ ညီညီရပြီဆို...

အဲ့တာ... ကိုယ့်ကိုလိမ်ပြီဖြေလိုက်တာပေါ့ဟုတ်လားညီညီ

ကိုကိုကြီး Where stories live. Discover now