ေလးဆယ့္ငါး(U+Z)

2.8K 167 70
                                    

Unicode

အိမ်မက်ဆိုးတစ်ခုသည် သာယာလှပသည့်မနက်ခင်းတစ်ခုကိုပင် ရက်စက်စွာဖျက်ဆီးနေလေသည်။အိမ်မက်တဲ့...။အမှန်တကယ်မဟုတ်ခဲ့သော်လည်း ထိုအိမ်မက်အကြောင်းကို တွေးမိတိုင်း မောင့်ရင်ထဲ နာကျင်မှုကိုသိသိသာသာပင်ခံစားစေလေသည်။မောင့်ကို နာကျင်အောင်လုပ်နိုင်တာ နုမှလွဲရင် တခြားအရာမရှိခဲ့။သို့သော် ထိုအိမ်မက်ကြောင့် နာကျင်ရသည်မို့ ထိုအိမ်မက်ထဲ၌ မောင်ချစ်ရတဲ့နု သေချာပေါက်ပင်ပါဝင်လေသည်။

"မောင် ဘာဖြစ်နေသလဲ။မနက်စာကအဆင်မပြေလို့လား"

          ညနက်ပိုင်းကတည်းက စိတ်တွေဟာ မကြည်လင်သည်မို့ နိုးထရသည့် မနက်ခင်း၌လည်း လန်းဆန်းမနေပေ။မျက်ဝန်းထဲ၌ အိပ်မက်ထဲမှ အဖြစ်အပျက်ကိုသာ ထင်ရှားစွာမြင်နေသည်မို့ ကြောက်ရွံ့နေမိသည်။

"မောင် မောင်"

"ဟင် အန်တီ ဘာ ဘာဖြစ်လို့လဲ"

"တို့ဘာမှမဖြစ်ပါဘူး။မောင်ဘာဖြစ်နေတာလဲလို့။ဘာတွေစဉ်းစားနေတာလဲ"

"မောင် မောင့်အလုပ်အကြောင်းခေါင်းထဲရောက်လာလို့။အန်တီ ဒီနေ့မောင့်ဆိုင်ကိုလိုက်ခဲ့ပါလား"

"ဟင် ဘာဖြစ်လို့လဲ ဘာရှိလို့လဲ"

"ဟင့်အင်း အန်တီ့ကိုစိတ်မချလို့"

"ဟော အရင်လည်းအိမ်မှာနေခဲ့တာပဲကို။
နောက်ပြီးအိမ်မှာအထွေးလည်းရှိသားပဲမောင်ရဲ့။ဘာစိတ်မချစရာရှိလဲ"

"မောင့်စိတ်တွေတစ်မျိုးပဲအန်တီရယ်။လေးနေတယ်။တစ်ခုခုပဲ"

"ညက အိပ်ရေးမဝလို့နေမှာပါမောင်ရဲ့။တို့ကိုစိတ်ချပါကွယ်။တစ်ခုခုဆို မောင့်ဆီကို တို့ကဖုန်းဆက်မှာပေါ့။အခုက Due Dateလည်းနီးနေတော့ အိမ်မှာပဲနေချင်တယ်မောင်ရယ်"

"အင်းပါ။ဒါဆို ဘာပဲဖြစ်ဖြစ် မောင့်ကိုဖုန်းဆက်နော်"

"အင်းပါ စိတ်ချနော်"

         အပြုံးနုကလေးကြောင့်သာ မောင့်စိတ်တွေ အနည်းငယ်သက်သာရာရတော့သည်။တွေးကြည့်တော့လည်း အိပ်မက်ဖြစ်နေသည်မို့ မောင် ကိုယ့်ကိုယ်ကိုယ်ပင်ဖြေသိမ့်လိုက်လေသည်။
လေးလံနေတဲ့မောင့်စိတ်တွေကို နုရဲ့အနမ်းတစ်ပွင့်သည် ပေါ့ပါးသွားအောင်လုပ်နိုင်ခဲ့လေသည်။

"မောင့်ကြင်နာသူ"Tempat cerita menjadi hidup. Temukan sekarang