Back To December (Final)

191 15 3
                                        

(Unicode)

" အကို ကျွန်တော်ပြောစရာရှိလို့ ခဏ "

ဂျယ်မင်းက မင်ဟျောင်းနဲ့စကားပြောချင်တာကြောင့်
ဟယ်ချန်းနဲ့ဂျဲနိုစကားပြောတုန်းသူလည်းမင်ဟျောင်းကို
စကားပြောဖို့ခေါ်လိုက်သည်။

" အကို ဟျော့ဂီကိုဘယ်လိုထားတာလဲ "

" အကိုမဖြေတတ်ဘူး ဂျယ်မင်း "

" အကိုအခုချိန်မှ ဟျော့ကိုမဖွင့်ပြောရင်အကိုနောင်တရတော့မယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ် "

" အကို ... "

" နှစ်ယောက်သားဘာတွေပြောနေကြတာလဲ "

ဟယ်ချန်းကသူတို့စကားပြောနေတဲ့နေရာကိုရောက်လာတာကြောင့်စကားစပြတ်သွားသည်။

ဟယ်ချန်းတို့လေးယောက်တူတူလည်ပြီးတဲ့နေ့ကတည်းက
သူတို့အတူမတွေ့ဖြစ်ကြတော့ဘူး။ဟယ်ချန်းဘက်ကလည်းမင်ဟျောင်းကိုဖုန်းမဆက်ဖြစ်သလိုမင်ဟျောင်းကလည်းမဆက်ဖြစ်လိုက်ဘူး။

ဟယ်ချန်းရဲ့ရောဂါအခြေအနေကပိုဆ်ိုးလာပြီ၊
ဟယ်ချန်းအားတွေနည်းလာပြီးမျက်နှာကလည်းယောင်
လာပြီးတကယ်ကိုမှဖြူဖျော့ဖျော့လေးဖြစ်နေပြီ။

" အကို ~ ကျွန်တော်တို့တွေ့ကြမလား "

" အကိုလာခေါ်ပေးမယ်နော် "

ဟယ်ချန်း မင်ဟျောင်းကိုတွေ့ဖို့စာပို့လိုက်သည်။
ဂျဲနိုက မင်ဟျောင်းကိုဟယ်ချန်းနဲ့တွေ့ဖို့ကားဌားပေး
လိုက်တာကြောင့်ဟယ်ချန်းကို မင်ဟျောင်းကလာကြိုပေး
သည်။

" ဆိုင်တစ်ဆိုင်သွားကြမလား "

" မဟုတ်ဘူး ကျွန်တော် နေဝင်တာကြည့်ချင်တယ် "

" မင်း နေမကောင်းဘူးလား ဆေးရောသောက်ရဲ့လား
မျက်နှာကဖြူဖျော့နေတယ်ရော သွားလို့ရလား "

" အွန်းရတယ် အကို "

ဟယ်ချန်းကတစ်လမ်းလုံးစကားမပြောနိုင်တော့ဘဲ
ဘေးပတ်ဝန်းကျင်ကိုဘဲငြိမ်ငြိမ်လေးကြည့်နေခဲ့သည်။

ဟယ်ချန်းတို့ကနေဝင်တာကိုမြင်ရတဲ့အနီးအနားက
ပင်လယ်ကိုရောက်လာပြီး တူတူထိုင်လိုက်သည်။

Back To December Where stories live. Discover now