'Soulmates are two lost souls who have finally found each other'
ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ဒီရက်ပိုင်းနှံ့နှံ့စပ်စပ်နေရာယူထားတဲ့ စာတိုစကလေး။
ဆောင်းဟွန်းအတွက် မြင်ဖန်တိုင်းမှာ ဂျယ်ယွန်းတစ်ယောက်တည်းဆီ လူးကာလိမ့်ကာ ပြေးမြင်မိနေတော့တာကလည်း ခက်သား။
ဘဝရဲ့တစ်စိတ်တပိုင်း...
ဒါမှမဟုတ် ဒိုင်ယာရီရဲ့ သီခြားကမ္ဘာဝင်ရိုးပေါ်မှာ သီးသန့်ပုံပြင်တစ်ခုအဖြစ် ညီမျှမယ့် လူ...။ဆောင်းဟွန်းမတတ်တခေါက်နားလည်ထားမိသလောက် အဲ့သည့်လို soulmate ဖြစ်တည်မှုဟာ ပဲပင်ပေါက်နဲ့တူတဲ့ ကောင်လေးတစ်ယောက်အကြောင်းကလွဲလို့ အရာရာနောက်ကြောင်းရှင်းပါတယ်။
ရှင်းမ်ဂျယ်ယွန်းက သူ့အဖို့ ရင်းနှီးရုံသူငယ်ချင်းတစ်ယောက်ဆိုတာထက်ပိုမယ့်အကြောင်း အနာဂတ်အထိလည်း တပ်အပ်လောင်းဝံ့ပါရဲ့။
အသက်ကြီးလာတဲ့အခါ ကော်ဖီဆိုင်အတူတူဖွင့်မယ်ပြောဖြစ်ကြတော့ ရှက်ပြုံးကလေးနဲ့ သူ့မျက်ဝန်းတွေကို အကြည့်ချင်းမစုံဝံ့ခဲ့သူ...
အဲ့သည့်လူရဲ့ကိုယ်ပိုင်ကမ္ဘာမှာရော ဆောင်းဟွန်းအတွက် Soulmate ဖြစ်ခွင့်ရှိနိုင်ပါ့မလားတွေးဆမိတော့၊မြူတစ်မှုန်စာ လောဘစိတ်ကလေးဟာ လူကိုတမြှေ့မြှေ့ ညှိုးသတ်တာ။
ရေခဲပြင်ပေါ် မတော်တဆပွန်းပဲ့မိတဲ့အခါ ဦးဆုံးစိတ်ပူတကြီးလှမ်းလာမေးမယ့် သူစိမ်းတစ်ယောက်ရဲ့ခြေရာတွေဟာလည်း ဂျယ်ယွန်းဆီကသာဖြစ်စေချင်တော့ မောဟစိတ်ကလေးကပါ မီးပွားအဖြစ် နှလုံးအိမ်ထဲ သဲ့စင်ပေါက်ကွဲရပြန်တော့တာပါ။
"ဟင် ဘာလို့ငိုင်နေတာလဲဆောင်းဟွန်းနီး
လေ့ကျင့်ရတာအဆင်မပြေခဲ့ဘူးလား""ပြေခဲ့ပါတယ်"
"ဒါဆို ဘာလို့လဲ...
မှန်းစမ်း။နေမကောင်းဘူးလား"အိမ်သူသက်ထားတစ်ယောက်လိုမျိုး သူ့နဖူးကို စမ်းတဝါးဝါးတွေ့ထိတော့လည်း အသာတကြည်ငြိမ်နေမိခြင်းအပေါ် ဆောင်းဟွန်းအနေနဲ့ အရူးတစ်ယောက်လိုမျိုး မပျော်ဝင်ချင်တော့ဘူး။