အိမ်ထဲကသူတွေရဲ့အရိပ်အကဲကိုတချက်ကြည့်ပြီးနောက်သူသည်နံရံအုတ်တံတိုင်းဆီသို့တရွေ့ရွေ့
ချဥ်းကပ်သွားနေသည်
"အိမ်အပေါ်ထပ်ကလှမ်းကြည့်တာအဲ့လောက်မမြင့်ပါဘူး ခုကျမှဘာလို့အဲ့လောက်မြင့်နေရတာလဲ ငါ့အရပ်ရဲ့နှစ်ဆလောက်ရှိတယ် ဟွန့်"
တယောက်တည်းစူပုတ်စွာပြောနေမိသည့်အခိုက်
"မင်းက ဘာလုပ်ချင်လို့လဲ ""ခုန်ကျော်မလို့ပေါ့ဗျ"
ရုတ်တရက်နှုတ်မှထွက်သွားပြီးသူ့၏အနောက်ဖက်သို့လှည့်ကြည့်လိုက်တော့
"အယ် မင်ယွန်းဂီ ရှီးးးး
"အင်း ဟုတ်တယ် မင်းရဲ့ယောက်ျား မင်ယွန်ဂီ ပဲ ဘာဖြစ်လို့လဲ
"မ မဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်းးး
ပြောလက်စ စကားကိုဆုံးအောင်ပြောခွင့်မရှိဘဲ မင်ယွန်ဂီ ၏ ပခုံးထက်သို့ကျွန်တော်၏ကိုယ်လုံးလေးရုတ်တရက်မြှောက်တတ်သွားလေသည်
"ပြောပြောဆိုဆို လုပ်ပါဗျာ အစာအိမ်နဲ့ အူတွေလည်း ဦးနှောက်ထဲ ရောက်ကုန်တော့မယ် "
မင်ယွန်ဂီသည် သူ့ကျော်ပေါ်ကအကောင်ပေါက်လေးပြောတာကိုဂရုမစိုက်သည့်အလား ချီမြဲတိုင်းချီကာ အိမ်ထဲသို့ဝင်သွားလေသည် အိမ်တော်ထိန်းလည်း သူ၏သခင်လေးနှင့် ဟိုဆော့တို့ ဝင်လာသည်ကိုကြောင်ကာကြည့်ရင်း
"သခင်လေးကဘယ်လိုဖြစ်ပြီး...
"အဲ့တာကိုနောက်မှပြော ခုကဘယ်လိုဖြစ်တာလဲ
"ကျွန်တော်က သခင်လေး ဟိုဆော့ဗိုက်ဆာတယ်ဆိုလို့ပြင်ပေးနေတာပါ ပြီးတော့အပေါ်ထပ်သွားရှာတာမတွေ့လို့ အောက်ပြန်ဆင်းလာတာ...
"အဲ့တာဆိုမင်းကရော အဲ့နံရံကြီးနားမှာဘာလုပ်နေတာလဲ
"ကျွန်တော်က အိမ်ပြန်မလို့ပေါ့ဗျ
"အဲ့နံရံကြီးကိုခုန်ကျော်မယ်ပေါ့ မလောက်လေးမလောက်စားနဲ့မင်းကလုပ်ရဲတယ်ပေါ့လေ.."
"ဘာလို့မလုပ်ရဲရမှာလဲ ကျုပ်က အကျဉ်းသားမှမဟုတ်တာ ဒီမယ် မင်ယွန်ဂီ ကျုပ်ကိုအိမ်ပြန်ခိုင်းဖို့စိတ်မကူးမိဘူးလား ကျုပ်ဒီမှာကြာကြာနေရင် ခင်ဗျား မုဒိန်းကျင့် လို့ သေလိမ့်မယ်..
YOU ARE READING
** P U P P E T **
Romanceကျွန်တော် ရှင်သန်နေရတဲ့ ဘ၀ကြီးက ခင်ဗျား နဲ့မတွေ့ သေးတဲ့အချိန်ထိ လှပစွာပျော်ရွှင်ခဲ့သေးတယ် ... // Jung Ho Seok // ပျော်ရွှင်မှုနဲ့လွတ်လပ်မှု တွေပေးခဲ့တာငါ့ဆီက ထွက်သွားဖို့မှမဟုတ်တာ #Min Yoongi