တောင်းပန်ပါတယ် ကိုကို ကျွန်တော့ကိုခွင့်လွှတ်ပါ ....
နာကျင်ခြင်းနဲ့နိုးလာတဲ့မနက်မှာထူးဆန်း
စွာသူအနွေးဓာတ်လေးရရှိနေခဲ့သည်။အားယူကာမျက်လုံးလေးဖွင့်ကြည့်မိတော့ သူ့အား
သိုင်းဖက်ထားကာ အိပ်ပျော်နေသောYoongi
"လူယုတ်မာကြီး"
သူအသံထွက်အောင်ကျိန်ဆဲလိုက်မိသည်။Yoongi မျက်လုံးမဖွင့်သေးဘဲ
"နောက်တခေါက်ထပ်ယုတ်မာလိုက်ရမလား"ထိုစကားကြောင့် Hoseok မှာ သူ့အနောက်အားလက်ကလေးနှင့်ချက်ချင်းကာပြီးအိပ်ယာပေါ်မှထကာရေချိုးခန်းထဲပြေးဝင်မယ်လုပ်မှ ကုတင်အောက်ခြေချရုံရှိသေး လူက
ကြမ်းပြင်ပေါ်ပစ်လဲလေသည်။အိုက်ယား !!ငါ့ဖင်လေး အားး အမလေးနာလိုက်တာ
ရှုံ့မဲ့ ကာဖင်လေးပွတ်လိုက် ဗိုက်ကလေးဖိလိုက်နှင့်လုပ်နေသော ထိုအကောင်ပေါက်အားပွေ့ချီကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်ပြီး ရေပန်းဖွင့်ချကာ သူပါရော၍ရေချိုးလိုက်သည်။ သူပေးထားသော အနီရောင်အမှတ်သားတချို့က ဖြူဖွေးနေတဲ့လည်တိုင်လေးမှာ
အထင်းသား သူပြုံးကာငုံ့နမ်းလိုက်တော့
ကိုယ်လေးတုန်တတ်သွားသေးသည်။"အဝတ်လဲပြီးရင့် ကိုယ့်ခေါင်းကိုရေသုတ်ပေးဦး"
"ခင်ဗျားလက်မပါဘူးလား ဒီမှာမတ်တပ်တောင်မှမရပ်နိုင်ပါဘူးဆို "
ပြောကာ အိပ်ယာထဲပစ်စလပ်ခတ်လှဲချလိုက်သည်။
Yoongi ပြုံးကာ
"မထလာဘူးဆို ငါ့အဆိုးမဆိုနဲ့နော် ငါက
မင်းကုတင်ပေါ်မှာရှိနေရင်အရမ်းသဘောကျတာ "yoongi အပြောကြောင့် hoseok ငေါက်ခနဲထထိုင်ကာ တဘက်ယူပြီး Yoongi ဆီ
ပြေးလေ၏ အယုတ်တမာ လူယုတ်မာကြီး
စိတ်ပုတ်ကြီးကြောင့် အရပ်ပုနေတာ ဒီထက်ပိုပုပါစေ ဟွန့်"ဟ မင်းဘယ်လိုလုပ်လိုက်တာလဲ "
"Arre ဆောရီး ကျွန်တော် ကျွန်တော် "
"ရပြီ သွားတော့ "
စိတ်ထဲက ကျိန်ဆဲတာ အားပါပြီး ရေသုတ်ပေးနေတဲ့ သူ့ခေါင်းကိုပါဆောင့်တွန်းမိလိုက်လို့တဲ့ အမလေး Hoseok တို့များနော်လုပ်လိုက်ရင်ဖြင့် ...
YOU ARE READING
** P U P P E T **
Romanceကျွန်တော် ရှင်သန်နေရတဲ့ ဘ၀ကြီးက ခင်ဗျား နဲ့မတွေ့ သေးတဲ့အချိန်ထိ လှပစွာပျော်ရွှင်ခဲ့သေးတယ် ... // Jung Ho Seok // ပျော်ရွှင်မှုနဲ့လွတ်လပ်မှု တွေပေးခဲ့တာငါ့ဆီက ထွက်သွားဖို့မှမဟုတ်တာ #Min Yoongi