Ep 1

3.5K 202 8
                                    

"ကိုကို "

ဗျာ !

ပါးစပ်ကသာထူးပြီးလှည့်မကြည့်လာတဲ့
သူ့ကိုကြည့်ပြီး စိတ်ဆိုးစွာ ဆိုဖာပေါ်ကနေ
သူအလုပ်လုပ်နေတဲ့စားပွဲပေါ်တတ်ထိုင်
လိုက်ပြီး

"ကိုကိုလို့  ခေါ်နေတာကိုကြည့်ဦးမှပေါ့လို့ "

နှုတ်ခမ်းစူပြီးအသံခပ်မာမာနဲ့ပြောလိုက်မှ
မော့ကြည့်လာတဲ့သူ 

"ဘာလဲ ကလေးလေးရဲ့ ကိုကိုဒီမှာအလုပ်
နည်းနည်းရှုပ်နေလို့ပါ ပြော ကလေးက
ဘာပြောချင်လို့လဲ "

စားပွဲပေါ်ကနေ သူ့ပေါင်ပေါ်ပြောင်း
ထိုင်လိုက်ပြီး

"ကလေးနဲ့ အလုပ်က ဘဟ်ဟာအရေးကြီး
လဲ "

"နှစ်ခုလုံးပေါ့ ကလေးက ကိုယ့်ဘ၀အတွက်
အရေးကြီးသလို အလုပ်ကလည်း ကိုယ့်ရပ်
တည်မှုအတွက်အရေးကြီးတာဘဲလေ "

"ဟင့်အင်း 1ခုဘဲရွေး "

"ကလေး ကလေးကိုဘဲရွေးမှာသိလား "

"အဟီး ချစ်လိုက်တာ ဒါမှ ကလေးရဲ့ကိုကို "

ပြောပြီး ချွန်မြနေသော နှခေါင်းလေးနှစ်မြုပ်
သွားသည်အထိသူ့ပါးကိုနမ်းလိုက်သည်။
ဒီနေ့မှကလေးကသူ့ကိုတအားကပ်ချွဲနေတာ
အရစ်တုံးလေးဆိုတာသိလို့သူမရစ်အောင်
ကိုယ်ကအရင်အချော့ပေးရတာမျိုး
တခါတလေ သူရစ်မှာကြောက်လို့ချော့
ပေးရင်တောင် အချော့ပေးရကောင်း
လားဆိုးပြီးရစ်တတ်သေးတာ တကယ်
မလွယ်တဲ့ဟာလေး ! သူ့ပခုံးပေါ်မေးတင်
ထားတဲ့ကောင်လေးရဲ့ မျက်နှာကိုခွာ
ရင်း ခါးသိမ်သိမ်လေးကိုဖက်ကာ
သူ့လည်တိုင်လေးကိုဖွဖွလေးနမ်းမိတော့
အင့် ဆိုပြီးအသံသေးသေးလေးထွက်ကာ
ကိုယ်လုံးလေးတုန်တတ်သွားလေရဲ့ ။။

" ကို ကို  အလုပ်လုပ်ရမှာမလား
လုပ်တော့လေ ကလေး ထိုင်ခုံမှာ
စောင့်နေမယ် နော် "

သူသဘောကျကာ တချက်ရယ်လိုက်
မိသည်။ ဒါကလေးရဲ့အားနည်းချက်ပါ
ဘယ်လောက်ဘဲချစ်တယ်လို့ဆိုဆို
သူ့ကိုလက်ဖျားနဲ့တောင်မထိရက်ခဲ့ ~

**  P U P P E T **Where stories live. Discover now