"ဘာလို့လိုက်ရမှာ"
Jungkook တစ်ယောက် ဘာမှပြောမနေတော့ ကားရှ်ရာဆီသာခေါ်သွားတော့သည်။
"မင်း! ဘာလုပ်ပြန်တာလဲ ငါမလိုက်ဘူး"
"ဒီမှာ ခင်ဗျားကို ခေါ်ချင်းလွန်းလို့မထင်နဲ့ ဆေးထည့်ပေးမလို့"
"မလိုဘူး"
"မရဘူး လိုက်ခဲ့"
ဒီကောင်ဘယ်လိုကောင်လဲ ခြေထောက်ခေါက်သွားတာ ဆေးရုံဆေးခန်း လိုက်ပို့ပေးရမှာကို ဘယ်လိုလုပ်သူ့အိမ်လဲ။
"ရတယ်ငါ့ဘာသာငါလုပ်မယ်"
"ဖယ်"
ကားခါးပတ် ပတ်ပေးတော့ မျက်နှာနီးဆက်နေတယ်လေ taehyung မနေတက်ဘူး ဒီအနေအထားကြီးက သူ ရင်ခုန်သံတွေကိုတောင်ကြားသွားမလားပဲ။ သူက ခါးပတ် ပတ်ပြီးတော့ ပြန်ထွက်သွားပြီး ကားမောင်းသူနေရာဆီသွားထိုင်ပြီး။
"ကြောက်တက်လား"
"ဟမ် ဘာကိုလဲ?"
"ကြောက်တက်လား! မေးတာပဲဖြေ"
"မကြောက်တက်ဘူး"
မဖြေရသွားသည်နှင့် မျက်နှာအရှေ့ပြန်လှည့်ပြီးရွဲ့ ပြုံး ပြုံးလိုက်သည်။ ပြီးသည်နှင့်
"အမလေး ဖြေးဖြေး"
"......"
"ဖြေးဖြေးမောင်းလို့"
Taehyung ပြောသည်စကားကာ လေမတိုးဘူးထင်သည်။ အပြုံးမျက်နှာမပြေသေး။
"ငါ.. ငါ...ကြောက်လို့"
ကားဟာအရှိန်ပြေပြေလေးဖြစ်သွားသည်။ taehyung အခုမှအသက်ရှူနိုင်တော့သည်။ ကြောက်ဖို့ကောင်းလိုက်တာ မျက်လုံးတောင် ပခုထိမဖွင့်ရဲ့သေးဘူး။
......................................................
"ရောက်ပြီ"
တံခါးကို လာဖွင့်ပေးပြီးပြောသည်။ သူအိမ်ကိုကြည့်လိုက်တော့ အမဲ? ဘာလဲ အမဲပဲကြိုက်တာလား။
"ဘာကြည့်နေတာလဲ"
"ဟို ဘာမှမဟုတ်ဘူး"
ကားပေါ်ကဆင်းဖို့လုပ်လိုက်တော့ ထပ်ပြီးပွေ့ခံလိုက်ရတယ်။
"အင့်"
အိမ်ထဲခေါ်လာသည်။ အထဲကိုကြည့်လိုက်သည်လဲ အမဲတွေကြီးပဲ။ ထူးစမ်းသည်က အိမ်ထဲဝင်ထဲက ဘယ်သူ့မှမတွေ့ ဘာလို့လဲ။