ဒီနေ့တော့ အလုပ်ဆင်းရမယ့်နေ့ ဘယ်လိုတွေ စိတ်ဆင်းရဲရအုံးမလဲမသိ ဟူး။
လေပူတစ်ချက်မှုတ်ထုတ်၍ လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့လိုက်တယ်။"OMG အတွင်းရေးမှူးကင်မ် ကချောလိုက်တာ"
"ဟုတ်ပါ့အေ ချောချက်ကလက်လန်တယ်"
Taehyung ကြားနေရပေမယ့် မကြားချင်ယောင်ဆောင်နေခဲ့တာ ကောင်မလေးတွေကပြုံးပြလာပြီး မိတ်ဆက်လာတော့ အားနာနာနဲ့ စကားပြန်ပြောဖြစ်ခဲ့တယ်။
"မင်္ဂလာပါ အတွင်းရေးမှူးကင်မ် ညီမနာမည်က မင်ယူနာ ပါ"
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် ကင်မ်ထယ်ယောင်း ပါ"
"မာနမကြီးဘူးပဲ ညီမနာမည်လဲမှတ်ထားနော် ဂျန်စောဟူ ပါ"
"ဟုတ်"
"အလုပ်ချိန်မှာအလုပ်မလုပ်ပဲဘာလုပ်နေကြတာလဲ!"
ထယ်ယောင်းအရှေ့ကကောင်မလေးတွေနဲ့ စကားပြောနေတာကြောင့် အနောက်က လူရောက်နေတာတောင်သတိမထားမိဘူး မနက်ခင်းလှလှလေးတော့ပျက်ပါပြီ။
"ငါပြောနေတာမကြားဘူးလား သွားအလုပ်သွားလုပ်ကြ!"
"ဟုတ်"
"ဟုတ်"
ဘာဖြစ်တာလဲတော့မသိ ကြည်လင်နေတဲ့ရှားရှားပါးပါး စိတ်လေးက ကင်မ်ထယ်ယောင်း ဟိုကောင်မလေးတွေနဲ့ စကားပြောနေတာတွေ့ပြီး ပျောက်ချင်းလှပျောက်သွားတာ။
"ဟိတ် ခင်ဗျားဘယ်သွားမလို့လဲ"
"အလုပ်ချိန်ရောက်နေပြီလေ အလုပ်သွားလုပ်တော့မယ်"
ဟားဟား ဂျွန်ဂျောင်ကု လိုကောင်ကို ဒီလိုဆက်ဆံတယ် ဒီလိုလေသံနဲ့ ဒီလိုပြောရဲတယ်မရဘူး အဲ့လိုလုံးဝမရစေရဘူး။
"ကင်မ်ထယ်ယောင်း!"
"ဘာလဲ"
ဟ ဒီလူ လုပ်လိုက်ရင် ဟင်း အလုပ်ရှင်ကိုမလေးစားဘူး။
"ဘာလဲလို့"
"ကျုပ်နဲ့အတူသွားမယ်"
ဘာလဲ ကြောင်နေတာလား အတူတူသွားဖို့ပြောတာပဲ လူသက်တော့မယ့် လေသံနဲ့ အချိုးကိုက ဒီလိုလူကိုကြိုက်မယ့်လူတောင်ရှိမှာမဟုတ်ဘူး faဖြစ်မယ့်ကောင်။
