"စေရန် ဘာတဲ့လဲ..
ပြောပါဦး..ရင်ပူလှပြီကွ အဲ့ဒီမျက်နှာပေးမလုပ်နေနဲ့"တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြေဆိုသော တက္ကသိုလ်ဝင်စာမေးပွဲကြီး၏ အောင်စာရင်းများထွက်သဖြင့် အိမ်မှနှစ်ယောက်မရှိသောညီဖြစ်သူ 'မြတ်စေရန်'အား အောင်၊မအောင် သိစေရန်ကြည့်ခိုင်းခဲ့ခြင်းဖြစ်သည်။
ကျနော်သည် ပြီးခဲ့သောနှနှစ်ခန့်မှာ ဆယ်တန်းတွင် ဂုဏ်ထူးသုံးဘာသာဖြစ်သော အင်္ဂလိပ်၊ ဇီဝဗေဒ၊ သင်္ချာတို့ဖြင့် အောင်မြင်ခဲ့ရာ ယခုနည်းပညာတက္ကသိုလ် ဒုတိယနှစ်အား တက်ရောက်နေဆဲပင်ဖြစ်သည်။
မိမိ၏စကားအား 'စေရန်' သည် အနည်းငယ်ပွယောင်းချင်သည့် နှာခေါင်းလုံးလုံးအား အသာညှစ်ရှုံ့သောအမူအရာနှင့် မျက်ခုံးတစ်ချက်ပင့်တော့၏။
"ကိုကို မှန်းကြည့်..ဘယ်နှဘာသာထွက်မလဲ"
"ငါ့ထက်များလား..များလောက်မယ်"
ကိုကိုသည် ကျနော့်ထံသို့ မျက်တောင်ဖြာဖြာတို့အုပ်မိုးထားနေသော မျက်ဝန်းလှလှဝိုင်းဝိုင်းလေးနှင့် အဖြေကိုငံ့လင့်စောင့်စားနေပုံရှိသဖြင့် အသည်းယားစိတ်များသည် အလျှံအပယ်ဖြစ်လို့နေလေသည်။
"ကိုကို နဲ့ အတူတူပဲ.. သုံးဘာသာထွက်တယ်"
"အတည်လား စေရန်..
ဘယ်ဘာသာတွေလဲ.. မင်းက သင်္ချာငါ့ထက်တော်တယ်လေ သင်္ချာပါမှာပေါ့"နွေရာသီဥတုအရ လက်ပြတ်ဝတ်ဆင်ထားသော ကိုကို့၏ပခုံးသားနုနုဝင်းဝင်းလေးထံသို့ လက်ဖဝါးပြင်အနည်းငယ်အုပ်တင်လျက်နှင့် အိမ်ဝကနေ အိမ်ထဲသို့တွန်းပို့ရသေးသည်။ ထိုအောင်စာရင်းကိစ္စအားလည်း ကာယကံရှင် ကျနော့်ထက် ကိုကို့ခမျာပို၍ စိတ်လှုပ်ရှားထက်သန်နေပုံလည်း ပေါ်နေ၏။
"စေရန် ဖြေဦး"
"သင်္ချာ..ဓာတုဗေဒ..မြန်မာစာ
အဲ့ဒီသုံးဘာသာပဲ..ကျနော် အင်္ဂလိပ်ကို သေချာကြိုးစားခဲ့တာတောင် မထွက်ဘူး"စေရန်နှင့် ပညာရေးအရယှဉ်ပါက စေရန်သည် သင်္ချာထူးချွန်မကြာခဏ ဆုရရှိသူဖြစ်ကာ ကျနော့်ခမျာ သင်္ချာကို မကျက်ရုံတမယ် မှတ်သားလေ့လာတွက်ချက်ခဲ့ရပြီးမှ ဂုဏ်ထူးအမှတ်နှစ်မှတ် ပိုသာရုံဖြင့် ထွက်ခဲ့ခြင်းပင်ဖြစ်ချေသည်။ သို့သော် စေရန်သည် အင်္ဂလိပ်စာ အားနည်းသဖြင့် အပတ်တကုတ်လေ့လာရရှာပြီး ကျနော်တစ်ယောက်တော့ အင်္ဂလိပ်စာအား ငယ်စဉ်တည်းမှဝါသနာပါခဲ့ရာ အထူးအားထုတ်မှတ်သားစရာမလိုခဲ့ပေ။
