Part - 15 [Uni&Zaw]

579 15 2
                                        

Unicode

"ရောက်လာပြီလား"

"အင်း"

သုသုပုံစံက ဟိုနေ့ကလိုမဟုတ်ဘဲ ရှင်းသန့်ကြည်လင်နေ၏။ကြိုးတစ်လုံးDress အပြာနုနုလေး အလှတရားတို့ကညို့အားပြင်းစွာ။ညက အားရင် Barသွားရအောင်ဖုန်းဆက်တာကြောင့် သူတောင်အနည်းငယ်ကြောင်သွားသည်။သုသုက Barမပြောနဲ့လူရှုပ်တဲ့နေရာဆို စိတ်ရှုပ်တတ်သည့်လူစားမျိုး။ဒါပေမယ့် သူငယ်ချင်းဖြစ်သူမို့မငြင်းရက်။

"ငါမင်းအတွက်မှာပေးထားပြီးပြီ...နင်ကတစ်ခါမှမသောက်ဖူးတော့ အရမ်းပြင်းတာတွေအဆင်ပြေမှာမဟုတ်ဘူး"

Barရောက်ရင် သောက်ကိုသောက်ရမည်ဆိုသည့်ထုံကိုနှလုံးမူရင်း လင်းညီက သုသုအတွက်အသင့်တော်ဆုံးဖြစ်မည့်ဟာကိုရွေးမှာထားပေးသည်။

မသိရင် သူကပဲ အမြဲသောက်နေသလို ဆရာစတိုင်ဖြင့်ပြောနေသည့် သူငယ်ချင်းဖြစ်သူအား ကြည့်ရင်း သု့ပြုံးမိသည်။အောင်မြင်နေရင် လက်ခုတ်တီးပြီးပွေ့ဖက်ပေးမဲ့သူ၊ကျရှုံးရင်လည်း ထွေးပွေ့နှစ်သိမ့်ပြီး ထူပေးမဲ့ ဘဝမှာထပ်မရှိနိုင်တော့တဲ့ တစ်ယောက်ထဲသော သူငယ်ချင်း။ထိုကဲ့သို သူငယ်ချင်းကို သူမစွန့်ပစ်ရက်ပါ့မလား။ထို့အတူ သု ဦးဒေးကိုဆန့်ကျင်ခဲ့တာ မမှားခဲ့ဖူးဟုလည်းထင်မြင်လာမိသည်။ငယ်ငယ်ကလို "သူနဲ့ငါရေထဲကျရင်နင်ဘယ်သူ့ကိုကယ်မှာလဲ" လို့ကလေးဆန်ဆန် မေးခံရသလိုပင်။

"ဘယ်လိုလဲ သုသု...၊အလုပ်ပြန်ဝင်တော့မှာလား"

လင်းညီက ဆိုင်ဝန်ထမ်းလေးကမ်းလာသည့် ခွက်နှစ်ခွက်ကိုယူကာ သုသု့ဘက်ကိုတစ်ခွက်ချပေးရင်းဆိုသည်။သုသုက သူချပေးထားသည့် ခွက်လေးကို ယူက မသောက်သေးဘဲ...၊

"အင်း....နောက်တစ်ပတ်ပေါ့"

ပြောပြီးသည်နှင့် တစ်ခွက်လုံးကိုမော့သောက်သည်။ပြီးတော့ နောက်တစ်ခွက်ထပ်ပေးဆိုသည့် သဘောနှင့် ဝန်ထမ်းလေးကို အချက်ပြလိုက်၏။

"သုသု အဆင်ပြေရဲ့လား"

"ပြေပါတယ် လင်းညီရယ်...၊ငါ့ကို ကလေးကျနေတာပဲ"

သုက အပြုံးမမည်သော အပြုံးကို ပြုံးပြရင်းဆိုသည်။လင်းညီသာ သက်ပြင်းတစ်ချက်ကို ခိုးချရင်း သူငယ်ချင်းမလေးအားကြည့်မိပြန်သည်။

Two Worlds [Complete]Where stories live. Discover now