မောင်ရုံးသွားဖို့ ဖြူပြင်ပေးနေကြအတိုင်း ပြင်ပေးထားပြီး မောင့်ကိုအောက်ထပ်က စောင့်နေလေသည်။ အကြောင်းမှာ အနမ်း လိုချင်သည်ကြောင့်ဖြစ်သည်။
"မောင်..."
"ဗျာ...."
"ဖြူမောင့်ကိုပြောစရာရှိတယ်"
"ပြောလေဖြူရဲ့...."
"ဒီနေ့ဖြူ့ရဲ့မေမေလာမယ်"
"ဪဟုတ်လားဒါဆို ကိုယ်အပြင်ကပြန်လာရင်ဘာဝယ်လာပေးရမလဲ"
"ဝက်သားသုံးထပ်သား ၁ပိဿရယ်....ချဉ်ပေါင်၄စည်းလောက်ရယ်..."
"ကောင်းပါပြီဗျ မောင်ပြန်လာရင်ဝယ်ခဲ့မယ်နော်"
"ဟုတ်"
မေမေအခါတိုင်းလာရင် မေမေကြိုက်တတ်တဲ့ အသားတွေ အရွက်တွေကို လည်း မှာရသေးသည်။ အကြာကြီးနေမှတစ်ခါလောက်ပဲလာတာမို့ လာနေတဲ့အချိန်လေးမှာတော့ ပျော်ရွှင်စေချင်သည်လေ။
မောင်သည်လည်း မေမေလာလျှင် ဝယ်ပေးနေကျမို့ ဒီတစ်ခါကိုယ်ပြောစရာတောင်မလိုပေ။ မေမေသည် သမီးအရင်းဖြစ်သည့်ဖြူထက် မောင့်ကိုပိုချစ်သည်။ တစ်ခါတစ်ရံမှာ မောင့်ကိုမနာလိုဖြစ်မိသည်။မေမေလာမည်ဖြစ်ကြောင်းပြောပြီးသည်နှင့် လှည့်ထွက်သွားသောမောင့်အားကြည့်ကာမောင့် နောက်ဖြူလိုက်သွားသည်။ မောင့်ရဲ့ဘယ်ဘက်လက်ကို ဆွဲလိုက်ပြီး ဆူပုတ်ပုတ်မျက်နှာလေးနှင့်ဖြူကြည့်နေလေသည်။ မောင်သဘောတကျရယ်ပြီး *အသည်းယားစရာလေးကွာ* ဟုသာတွေးနေမိတော့သည်။
"မောင်"
"ဗျာ"
"ဖြူ့ကိုနမ်းလဲသွားဝူးမောင်က"
"ဟားဟား....စတာပါဗျာမောင်က "
မျက်နှာလေးဆူပုတ်ဆူပုတ်နှင့် လက်ကိုလာဆွဲသူကြောင့် မောင်ပြုံးမိသည်မှာအခါအခါ။
မောင်စနေမှန်းကိုဒီကောင်မလေး မသိလေလျော့သလား...။မောင့်အရပ်ကိုမမှီတမှီလေးနှင့် ခြေဖျားလေးထောက်ကာ နမ်းခိုင်းဖို့ကြိုးစားနေသည့် မောင့်ရဲ့မြတ်နိုးရာလေးကြောင့် မောင်ကသာ ခေါင်းလေးငုံ့ပေးပြီး နမ်းလိုက်ရသည်။"မွ....မွ....မွ"
"ဟီး ဒါမှမောင်ကွ"
အနမ်းလိုချင်လို့ချွဲနွဲပြီးပြောနေသောဖြူ။ ကလေးလေးတစ်ယောက်လိုပင် အသည်းယားစရာလေး လုပ်နေသည်မှာ ပါးလေးကိုဆွဲညှစ်ချင်စရာ....။ မောင်စိတ်မထိန်းနိုင်၍ ပါးလေးကိုဆွဲညှစ်မိသည့်အခါ နှုတ်ခမ်းလေးဆူကာ မောင့်အားကြည့်လာလေသည်။ မောင့်ကားမထွက်ခင် ဖြူသည် *မောင်ဆိုးတယ်ကွာ* ဟုသာပြောနေမိတော့သည်။ မောင်သည်လည်းကြားမည်ထင်ပါသည်။
YOU ARE READING
Mg face is a world
Non-Fictionအလာကောင်းပေမဲ့အခါနှောင်းခဲ့ပြီ ဖြူ........ #ချစ်ရိပ်ညို