မောင်မီးဖိုဆောင်တွင် breakfast လုပ်နေတုန်းအပေါ်ထပ်ကဆင်းလာပြီး အိပ်ချင်မူးတူးရုပ်နှင့် လာတောင်းဆိုသော ချစ်ရသည့်ဇနီးလေး၏ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ရသည်။
"ဖြူ ကြက်ပေါင်စားချင်တယ်"
"ဟုတ်ပါပီဖြူရဲ့ "
"ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ မောင်ကြော်ကျွေးပါ့မယ်"
"အင်း"
ကြက်ပေါင်အားကြော်ပြီးသည် နှင့် မောင်သည် ထမင်းစား စားပွဲတွင် ထိုင်စောင့်နေသောဖြူဆီသို့ လျှောက်သွားလိုက်သည်။ ဖြူကပုံမှန်ဆိုကိုယ့်ဟာကိုယ်ချက်ပြုတ်လေ့ရှိပေမဲ့ မောင်ရုံးပိတ်ရက်များတွင်တော့ မောင်ကသာ အချက်အပြုတ်ကို ဦးစီးရသည်။
"မောင်...ဖြူ့ရဲ့တူမလေးကိုလည်း ကြက်ပေါင်သွားပေးလိုက်ပါ ဦး......"
"ကောင်းပါပြီဗျာ....."
မောင်လာကျွေးသော ကြက်ပေါင်ထည့်ထားသည့် ပန်းကန်အား ဖြူ၏တူမလေးသည် မောင်ထွက်သွားသည်နှင့် ပစ်ခွဲလိုက်သည်။
"ခွမ်းးးး...."
"အမလေး!!!"
မီးဖိုဆောင်ထဲမှ ဖြူကိုယ်တိုင်ပင်လန့် သွားရသည်။ တူမလေးရှိရာသို့ ဖြူသွား၍ကြည့်မိလေတော့သည်။ ဖြူ့တူမလေး အိ သည် လွန်စွာထိတ်လန့်နေသည်သဖွယ်။
"အိ...အိရေ ဒါဘာဖြစ်တာလဲ အန်တီလေးကိုပြောပြပါလား "
"ဟင့်အင်း မသိဘူး မစားချင်ဘူး...."
'ဪ ငါမေ့နေခဲ့တာဘဲ ဖြူမှ ကြက်ပေါင်မကြိုက်ဘဲကို'
စိတ်ထဲတွင်သာရေရွတ်လိုက်မိသည်။မောင့်ကြည့်ပြန်တော့မောင် သည်စိတ်မကောင်းချေ။ထို့ကြောင့်ကိုယ်တိုင် တူမလေးအဖို့လုပ်ပေးရလိမ့်မည်။
"တီလေးပြန်လုပ်ပေးမယ်နော် အိ"
"ဟုတ်ကဲ့တီလေး"
မီးဖိုဆောင်မှထွက်သွားသော မောင့်အားကြည့်ကာ ဖြူစိတ်မကောင်းဖြစ်မိ၏။ မိမိကိုယ်တိုင်စေတနာပြုလုပ်ထားသည့်အရာကို တစ်ဖက်လူမှ ဤကဲ့သို့ပြန်ဆက်ဆံခြင်းကို မောင်တွင်မဟုတ် မည်သူမဆို စိတ်မကောင်းဖြစ်ပါလိမ့်မည်။ ဖြူမောင်ရှိရာ အခန်းဆီသို့လျှောက်သွားမိလိုက်သည်။
YOU ARE READING
Mg face is a world
Non-Fictionအလာကောင်းပေမဲ့အခါနှောင်းခဲ့ပြီ ဖြူ........ #ချစ်ရိပ်ညို