"ရစ်ဖွဲ့နှောင်တွယ်"
အထပ်ထပ်ရစ်ငင်မိတဲ့ကြိုးကလေးပါပဲအချစ်ရယ်
မလွှတ်စတမ်း
မပြတ်စတမ်း
အဆုံးထိမဝေးကြစတမ်းနော်
ကြယ်တွေရေမယ်
ပန်းတွေပျိုးမယ်
နံနက်ခင်းကိုအပြုံးတွေနဲ့ကြိုမယ်
ကိုယ့်ကဗျာတွေဟာ မင်းအပိုင်ပါဆိုမှ မောင်ရယ်
ကိုယ့်အရာရာဟာမင်းပဲပေါ့
ကမ္ဘာကြီးက မူမမှန်ပေမယ့်လည်း
ကိုယ်ကတော့ တစ်ယူသန်ရဲ့ ကလေးငယ်ရယ်
ချစ်မိတဲ့နောက်တော့
နက်ဖြန်တိုင်းမှာ ပိုတိုးလို့ပဲချစ်ချင်တော့တယ်။ ။အေးမြတ်သန္တာ
စက်တင်ဘာ၂