ကိုယ်အရှေ့အရပ်ဆီပြိုလဲတယ်
မောင့်ရင်ခွင်ထဲကျတယ်
အနောက်အရပ်ဆီပြိုလဲတယ်
မောင့်ရင်ခွင်ထဲပဲကျတယ်
ဘာမှကြွားဝါစရာမရှိတဲ့မိန်းမပေမယ့်
မျက်နှာမူရာအရပ်တိုင်းမှာ
မောင်ရှိနေတာဟာ ကိုယ့်အတွက်ဂုဏ်ယူစရာပါပဲ
နာကျင်စရာတွေအများကြီးရှိရင်တောင်
လက်ဖဝါးတွေချင်း
ထပ်လိုက်တာနဲ့စိတ်သက်သာခွင့်ရ ရတယ်
ဘယ်လောက်တောင် ကံကကိုယ့်ဘက်ပါသလဲ
ဘ၀ကကွက်လပ်တွေများတာတောင်
ဖြည့်စွက်မယ့်အမျိုးသားလေးကအဆင်သင့်
ကိုယ့်မှာလေ
မေးတင်ခွင့်ရတဲ့ပုခုံးစွန်းတွေကစလို့
နာမည် တစ်ခွန်း တမ်းတမိတာနဲ့
အပြေးတစ်ပိုင်းရောက်လာတတ်တဲ့
ခြေထောက်ကလေးတွေထိ မြတ်နိုးလိုက်ရတာ။
Aug22
Myat