ကိုယ်သိသမျှ

10 1 0
                                    

"ကိုယ်သိသမျှ"

တင်းထားသမျှ မာနက
ခေါ်သံလေးတစ်ခွန်းနဲ့ လျှောကနဲပြေသွားရတာ
စိတ်ဆိုးဖို့ခဲထားသမျှက
အပြုံးတစ်ပွင့်ကြောင့်နဲ့  အရည်ပျော်သွားရတာ
ခြားထားတဲ့ စည်းမှန်သမျှ
အကြင်နာတစ်စတည်းနဲ့ ပျောက်ပျက်သွားရတာ
တစ်ခါတလေ
ကလေးတစ်ယောက်လို မှီခိုချင်လာတာ
မိခင်တစ်ယောက်လို နွေးထွေးယုယပေးချင်တာ..

မောင်ရေ...
ကမ္ဘာမှာလေ
ပန်းတွေ ပွင့်တာဘာကြောင့်လဲ ကိုယ်မသိဘူး
အာဒံက ဧ၀ကို ဘယ်လိုစတွေ့လဲ ကိုယ်မသိချင်ဘူး
ဧရာ၀တီ ဘယ်နှမိုင်ရှည်သလဲ ကိုယ်မသိဘူး

ညနေခင်းကိုသိတယ်
မြက်ခင်းစိမ်းကိုသိတယ်
လိမ္မော်ရောင်အင်္ကျီလေးကိုသိတယ်
လှိုင်းတွန့်ဆံပင်လေးလည်းသိတယ်
လက်ဖျံသွေးကြောတွေလည်းသိတယ်
ပြီးတော့ မင်းကိုသိတယ်
မင်း ချစ်နေတာသိတယ်
သိပ်ချစ်တာကိုသိတယ်
ကိုယ် မောင့်ကိုချစ်တယ်။ ။

August13💧
Ayemyathandar

မောင်(သို့မဟုတ်)ကဗျာသီတဲ့မျက်ဝန်းညိုWhere stories live. Discover now