chapter - two

133 29 12
                                    

လူအုပ်ကြီးက လူနှစ်ယောက်ကို စိုက်ကြည့်နေမယ်။စိုက်ကြည့်ခံရတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားမယ်။ ဘာဖြစ်သွားခဲ့တယ်လို့ ထင်ကြပါသလဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


လူအုပ်ကြီးက လူနှစ်ယောက်ကို စိုက်ကြည့်နေမယ်စိုက်ကြည့်ခံတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားမယ်ဘာဖြစ်သွားခဲ့တယ်လို့
ထင်ကြပါသလဲ

-COMPLETE STRANGER -

warning - mention of s*xual abuse,
slightly strong language

အကြာကြီးလို့ထင်ရတဲ့ ခဏတာ အနားယူခြင်းနောက်မှာတော့ ဒေါက်တာအယ်ဗန်ဆိုသူက ထိုင်ခုံကထကာ သွားလို့ရပြီဖြစ်ကြောင်း အသိပေးပြီး အဆောက်အဦးအပြင်ကို ဦးဆောင်ထွက်သွားသည်။

ဝီလီယမ် စိတ်မပါလက်မပါခြေလှမ်းတွေနဲ့
အရှေ့က ဒေါက်တာ အယ်ဗန်ဆိုသူနောက်ကို အမီလိုက်နေရပေမဲ့ သူ့ဘေးက အေးဂျင့်ရှင်း(မ်)ကတော့ အေးအေးဆေးဆေး သံစဉ်တွေတောင် ခပ်တိုးတိုး ညီးနေသေးသည်။

"အိတ်ပေးပါလား၊ အေးဂျင့်ရှင်း(မ်)ပဲ ကိုင်နေရတာ အားနာစရာကြီး "

"ရပါတယ်၊ အိတ်က လေးတာမှ မဟုတ်တာ "

ကားပေါ်က ဆင်းကတည်းက အေးဂျင့်ရှင်း(မ်)ပဲ တောက်လျှောက်ကိုင်ထားရတာမလို့ ဝီလီယမ် မေးလိုက်မိခြင်းဖြစ်သည်။ အိတ်ထဲမှာက သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်လက်နက် သေနတ်နှစ်လက်၊ အဝတ်အစားအချို့နဲ့ ရိက္ခာအနည်းငယ်ပဲ ပါတာမလို့
လေးတာတော့မလေးမှန်း သူလဲသိပါသည်။

"ဆူဆူညံညံအသံတွေ မထွက်ဖို့တော့ တောင်း‌ဆိုပါတယ်နော်၊ အခုက လူနာတွေအိပ်ချိန်မလို့ အိပ်ရေးမဝကြရင် ဆတ်ဆတ်အထိမခံ ဖြစ်တတ်ကြလို့ပါ"

ဒေါက်တာ အယ်ဗန့်ရဲ့ သတိပေးစကားကို သူ့ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားကထုတ်ပစ်လိုက်သည်။ တိုးတိုးနေရမှာ ဝီလီယမ်တို့မဟုတ်ဘဲ ဒေါက်တာအယ်ဗန်ကိုယ်တိုင် ဖြစ်နေမလားတောင် မသိတာကို။

COMPLETE STRANGER Where stories live. Discover now