chapter - three

140 26 9
                                    

လူအုပ်ကြီးက လူနှစ်ယောက်ကို စိုက်ကြည့်နေမယ်။စိုက်ကြည့်ခံရတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားမယ်။ ဘာဖြစ်သွားခဲ့တယ်လို့ ထင်ကြပါသလဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လူအုပ်ကြီးက လူနှစ်ယောက်ကို စိုက်ကြည့်နေမယ်စိုက်ကြည့်ခံတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားမယ်ဘာဖြစ်သွားခဲ့တယ်လို့ ထင်ကြပါသလဲ

-COMPLETE STRANGER -

" ဝီလီယမ်

ဘာလဲ၊ တာဝန်ချိန်ပြီးပြီလေ၊ ငါ့သူငယ်ချင်း
ဝီလီယမ် ပြန်လာလို့ရပြီ "

ဝီလီယမ် ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်နားနေတုန်း ထွက်လာတဲ့ တစ်ဖက်ကုတင်က ဂျယ်ယွန်းရဲ့ စကားကို မကြားချင်ယောင်ဆောင်ရင်း မျက်နှာကြက်အဖြူကိုသာ ငေးကြည့်နေလိုက်သည်။

အခု လောလောဆယ် သူ့ခေါင်းထဲမှာ ချိတ်ဆက်လို့မရသေးတဲ့ ကွင်းတွေက အများအပြားရှိနေပေမဲ့ အဲဒီ ကွင်းတွေကို ချိတ်ပေးမဲ့ တိကျသေချာတဲ့ ‌ကြားခံမရှိတာကြောင့် အတွေးတွေက ရေရာမှုမရှိဘဲ ချာချာလည်နေသည်။

"လာလေ၊ လှည့်ပတ်ကြည့်ရအောင် "

စိတ်အလိုရဆိုရင်တော့ အခုလိုပဲ ငြိမ်ငြိမ်လေး ဆက်လှဲနေပြီး အတွေးထဲပေါ်လာသမျှကို ဆက်စပ်တွေးရင်း အချိန်ကုန်ချင်ပေမဲ့ သူ
မထမချင်း လက်လျော့မဲ့ပုံမရတဲ့ ဂျယ်ယွန်းကြောင့် စိတ်မပါလက်မပါနဲ့ လေးတိလေးရွဲ
ထလိုက်ရတယ်။ လျှောက်ကြည့်ရင်း သဲလွန်စတစ်ခုခုရတော့လဲ အမြတ်ပဲပေါ့။

ဆောင်းရာသီ နေ့လယ်ခင်းက အရမ်းလဲမပူ အရမ်းလဲမအေးဘဲ နေလို့ထိုင်လို့ကောင်းရုံ အပူချိန်ရှိတာမလို့ ပေါ့ပေါ့ပါးပါးပဲဝတ်ပြီး
ဂျယ်ယွန်း ထွက်လာဖို့ကို စောင့်နေလိုက်တယ်။

COMPLETE STRANGER Where stories live. Discover now