chapter - four

80 24 8
                                    

လူအုပ်ကြီးက လူနှစ်ယောက်ကို စိုက်ကြည့်နေမယ်။စိုက်ကြည့်ခံရတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားမယ်။ ဘာဖြစ်သွားခဲ့တယ်လို့ ထင်ကြပါသလဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လူအုပ်ကြီးက လူနှစ်ယောက်ကို စိုက်ကြည့်နေမယ်။စိုက်ကြည့်ခံရတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားမယ်။ ဘာဖြစ်သွားခဲ့တယ်လို့ ထင်ကြပါသလဲ။

-COMPLETE STRANGER -



မနက်ခင်းဝေလီဝေလင်းအချိန်ရဲ့ လေထုက
အေးစက်နေပြီး စောင်ပုံကြားထဲမှာ ကွေးနေရမဲ့ အနေအထားဆိုပေမဲ့ ဝီလီယမ်ကတော့ အိပ်ရာထဲမှာ ငုတ်တုတ်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကို စူးစူးစိုက်စိုက်ကို ငေးကြည့်နေသည်။

ဘေးကုတင်က ဂျယ်ယွန်းကတော့ နှစ်နှစ်
ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီး ဝီလီယမ့်ရဲ့ လှုပ်ရှားမှုတွေကိုလဲ သိမဲ့ပုံမပေါ်။

ဝီလီယမ် အပြင်ဘက်ကို ငေးနေတုန်း အဝင်တံခါးဆီကနေ ခပ်ဖွဖွ တံခါးခေါက်သံထွက်လာတာကြောင့် ခါးကမတ်ခနဲ ဖြစ်သွားပြီး ကုတင်ပေါ်ကနေ မြန်မြန်ဆန်ဆန်ထလိုက်သည်။

"ဂိတ်ရှေ့မှာ အေးဂျင့်ရီခီဆိုတဲ့လူ ရောက်နေတာ၊ ဒီက အေးဂျင့်ဝီ(လ်)တို့ရဲ့ ပါတနာဆိုတာဟုတ်လားဗျ "

ဝီလီယမ် တံခါးကိုအသာဟလိုက်တယ်ဆိုရင်ပဲ မျက်လုံးဝိုင်းတွေနဲ့ ဂျော်နီဆိုတဲ့ကောင်လေးက ခပ်စူးစူး အကြည့်တွေနဲ့ မေးခွန်းထုတ်လာသည်။ရုံးချုပ်ကဒီတစ်ခါတော့ သဘောကောင်းနေပါလား၊ ထင်ထားတာထပ် မြန်မြန်လွှတ်ပေးသားပဲ။

"ဟုတ်ပါတယ်၊ အေးဂျင့်အသစ်ရောက်လာမယ်လို့ ဒေါက်တာအယ်ဗန့်ကိုပြောထားတာ ပြန်မပြောရသေးဘူးထင်တယ်"

"ဒေါက်တာက အလုပ်များတဲ့လူမလို့ပါ၊ ‌အေးဂျင့်ဝီ(လ်)တို့ရဲ့လူဆိုတာ သေချာရင် ဝင်ခွင့်ပေးပြီး ဒီကို ခေါ်လာလိုက်ပါမယ်"

COMPLETE STRANGER Where stories live. Discover now