03
Yan MuChenကိုကိုယ်ဝန်ရတဲ့အချိန်မှာ သူတို့အဖွဲ့ကမကောင်းတဲ့ရေတွေနဲ့ပတ်ခံလိုက်ရတဲ့အချိန်ဘဲဖြစ်သည်။အဖွဲ့ဝင်တွေအနေနဲ့ အရှေ့တိုးလို့မရအနောက်ဆုတ်လို့မရဖြစ်နေကြပြီးတော့ Managerကလည်းတစ်နေကိုဖုန်းပေါင်းရာကျော်ကိုလိုက်ခေါ်နေရကာ အဖွဲ့ဝင်တွေကလည်းလူတိုင်းဒေါသကိုဖိနှိပ်ထားရသည်။
Zhang Zhenyuanကထိုအချိန်မှာ အဖွဲ့Disbandလုပ်ဖို့ကိုပြောဆိုခဲ့တာဖြစ်၏။
Yan Haoxiangရဲ့နားမလည်မှုနဲ့ထိတ်လန့်ခြင်းမျက်လုံးတွေအောက်မှာ လူတိုင်းရဲ့ဝမ်းနည်းစရာကိစ္စကိုပြောဆိုခဲ့တာဖြစ်သည်။
"ဘာလို့ဒီအချိန်မှာပြောရတာလဲ"Yan Haoxiangက Zhang Zhenyuanကိုတံခါးဝမှာပိတ်ထားပြီးတော့"အရာအားလုံးကပြီးသွားမှာ အခုအချိန်Disbandလုပ်လိုက်ရင်ငါတို့မှာအပြစ်ရှိကြောင်းပြောလိုက်တာနဲ့အတူတူဘဲမဟုတ်ဘူးလား!"
သူကဒေါသတစ်ကြီးနဲ့ လည်ချောင်းထဲမှထိန်းချုပ်လို့မရတဲ့လေသံတွေပါလာ၏။
ဒါကသူအနေနဲ့ Zhang Zhenyuanကိုပထမဆုံးအသံအကျယ်ကြီးနဲ့ပြောခဲ့တာဖြစ်ပြီး တစ်ဖက်ကအေးစက်ကာငြိမ်သက်နေတဲ့အကြည့်တွေက မီးတောက်တွေကိုဖြစ်ပေါ်လာစေပြီး သူတို့ကြားထဲကကိစ္စတွေကိုလောင်ကျွမ်းသွားစေသည်။
"ငါပင်ပန်းနေပြီ" Zhang Zhenyuanကတော့ငြိမ်ငြိမ်သက်သက်ပါဘဲ။မသိရင် Disbandဖြစ်တာက အထွေးအထူးကိစ္စမဟုတ်သလိုမျိုးဘဲ။ "ငါတို့လုပ်တဲ့ကိစ္စမဟုတ်ဘူးဆိုရင် ငါတို့ကသေချာပေါက်နာမည်ကိုပြန်လည်ဆေးကြောနိုင်မှာဘဲ"
"ဒါဆိုမင်းဘာလို့Disbandလုပ်ဖို့ကိုပြောတာလဲ ငါတို့နာမည်ကပြန်လည်သန့်ရှင်းသွားမှာဘဲလေ"
"တစ်ကယ်ရောသန့်ရှင်းနေလို့လား?" Zhang Zhenyuanက Yan Haoxiangကိုမော့ကြည့်လာသည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ (Yan Haoxiang)တစ်ခါမှမမြင်ဘူးတဲ့တိကျပျက်သားတဲ့ဆုံးဖြတ်ချက်ကိုမြင်လိုက်ရသည်။
စကားလုံးအနည်းငယ်က Yan Haoxiangကိုအတွေးလွန်သွားစေ၏။ Zhang Zhenyuanက ဘာပြောချင်တာလဲဆိုတာကိုသူနားလည်တယ်။ အဖွဲ့အတွင်းမှာရည်းစားထားတာကအမှားကြီးတစ်ခုဖြစ်ပြီးတော့ သူတို့ကZhang Zhenyuanရဲ့ဒုတိယမြောက်လိင်အမျိုးအစားကိုလည်းဖုန်းကွယ်ထားသေးသည်။
YOU ARE READING
薄荷烟吻 (Myanmar Translation)
FanfictionTitle - 薄荷烟吻 Author - 东野 Chapter - One Shot From lofter https://dongye78014.lofter.com/post/4c6b3dce_2b787a418