04(Unicode)

25 3 0
                                    

Showကိုရိုက်ကူးလုပ်နေတာက ဆက်လက်နေပြီးပေမယ့် အခြားအရာကပြောင်းလဲသွားပုံပေါ်ပါ၏။

Rapper Trainerတစ်ယောက်က ပိုပြီးသိသာလာတဲ့မျက်လုံးအကြည့်တွေ၊ ပိုပိုပြီးသိသာလာတဲ့မျက်နှာလိုက်မှုတွေနဲ့အတူ အချစ်တွေအပြည့်ကဖုန်းလွှမ်းနေပါ၏။

Yan Haoxiangက သူZhang Zhenyuanကိုချစ်နေတဲ့အကြောင်းတစ်ကမ္ဘာလုံးကိုပြောပြနေချင်ပုံရသည်။

He Junlinက Comment boxကိုအပေါ်လှန်လိုက်အောက်လှန်လိုက်လုပ်နေပြီးတော့ Zhang Zhenyuanကိုတစ်ကြောင်းမှပြလို့အဆင်မပြေပါဘူး။

"တွဲနေကြတာမလား တွဲနေကြပြီမလား! သခင်လေးရဲ့အဲ့ဒီမျက်ဝန်းတွေကသူ့Laopoကိုကြည့်နေတဲ့အကြည့်တွေလေ"

"Dieba(အဖေနဲ့ဖေဖေ)က နောက်ဆုံးသိသွားကြပြီ🥲
နောက်ဆုံးတော့ငါမွေးဖို့အချိန်ကျလာပြီမလား🥲"

"ငါပြောမယ် မင်းတို့Xiai အဲ့လောက်မဆူညံကြနဲ့လေ"

"ဒါဘဲလား ရိုက်ကူးရေးအဖွဲ့ရေ မင်းတို့နားလည်စမ်းပါ
မင်းတို့ရဲ့ထုတ်လွှင့်မှုကြည့်ရှုသူဦးရေသန်းကျော်က မင်းတို့Idolရွေးတဲ့ဟာကြောင့်လို့ထင်နေတာလား? အခုချက်ချင်းသူတို့နှစ်ယောက်ကိုရိုက်ပေး🤤"

"ညီအမရေ ငါတော့ရယ်သေတော့မှာဘဲ Trainee100ကျော်က Trainer 2ယောက်ကိုမမှီဘူးပေါ့..."

"အဲ့ဒါကTrainerလား အဲ့ဒါကငါရဲ့Youthလေ❤"

... ...

Zhang Zhenyuanက He Junlinသက်ပြင်းချတာကိုမြင်တော့ ဘာဖြစ်တာလဲလို့လာမေး၏။ He Junlinကလည်းအကြောင်းပြချက်တစ်ခုပြ၏။

"ဘာမှမဟုတ်ပါဘူး မင်းတို့နှစ်ယောက်ဘယ်အချိန်ဒုတိယကလေးယူမှာလဲ?"


END



Extra

"အင်း ဒီနေရာမှာ Markingမလုပ်နဲ့...." Zhang Zhenyuanက အခန်းကိုပြန်ရောက်လာတာနဲ့ Yan Haoxiangဆီကနေတံခါးပေါ်မှာအဖိခံပြီးအနမ်းခံလိုက်ရ၏။နမ်းရင်းနမ်းရင်းနဲ့ ကုတင်ပေါ်ကိုရောက်သွားကာဆက်နမ်းနေ၏။

"မနက်ဖြန်ကျရင် Showကိုဆက်ပြီးတော့ရိုက်ရအုံးမှာ..."
Yan Haoxiangက သူရဲ့လည်ပင်းပေါ်မှာနမ်းနေတာကိုကြည့်ရင်း Zhang Zhenyuanကတားမြစ်လိုက်သည်။

အဆုံးသတ်မှာတော့ Yan Haoxiangရဲ့သနားစရာအကြည့်တွေနဲ့အကြည့်ချင်းဆုံသွား၏။

"ငါတို့ Publishလုပ်ရအောင်လေ ငါသည်းမခံနိုင်တော့ဘူး..."

နေတိုင်းလှလှပပLaopoကိုကြည့်ပြီးတော့ နမ်းလည်းမနမ်းရ ဖက်လည်းမဖက်ရနဲ့ ဘယ်သူမဆိုသည်းခံနိုင်မှာမဟုတ်ဘူး။

Zhang Zhenyuanက Yan Haoxiangဆီကနေအကြည့်ခံရင်းစိတ်ပျော့ပြောင်းသွား၏။ "ဟုတ်ပြီလေ"

ဒါပေမယ့် "ဟုတ်ပြီလေ"ဆိုတဲ့စကားတောင်ပြောလို့မပြီးသေး
သူရဲ့နှုတ်ခမ်းထပ်ပြီးအပိတ်ခံလိုက်ရပြန်သည်။

နောက်ဖြစ်လာတဲ့ကိစ္စတွေက ဆီလျောချောမွေ့နေပြီးတော့ Zhang Zhenyuanမှာ Yan Haoxiangဆီကနေတစ်ညလုံးနှိပ်စက်ခံလိုက်ရတော့သည်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာတော့ ပင်ပန်းလွန်းတာကြောင့်ကုတင်ပေါ်ရောက်တာနဲ့အိပ်ပျော်သွားတော့သည်။

ဒုတိယရက်မှာတော့ He Junlinဆီမှဖုန်းသံကြောင့် နိုးလာတာဖြစ်ပြီး Zhang Zhenyuanက တစ်ဖက်မှလာတဲ့စကားအတွဲလိုက်တွေကြောင့်လန့်သွားသည်။

ပြန်လည်သတိဝင်လာတဲ့အခါမှ

--- ---

Yan Haoxiangက Publishလုပ်လိုက်ပြီ။

အလျှင်အမြန်အကောင့်ပြောင်းလိုက်ပြီး Weiboထဲကိုဝင်လိုက်တော့ တစ်ကယ်ဘဲပေါက်ကွဲနေပြီ။

ဒါပေမယ့်ထင်ထားတာနဲ့မတူဘဲ အများဆုံးကဆုတောင်းချီးမြင့်ပေးကြတာဖြစ်ပြီးတော့ အဲ့ဒီထဲကအများဆုံးကတော့Fanတွေရဲ့ရူးသွပ်နေတဲ့Fictionတွေပါဘဲ။

Zhang Zhenyuanက ရူးတူးတူးပေါတောတော အဆင်မြင့်Commentတွေကိုမြင်တော့ သည်းမခံနိုင်ဘဲရယ်မိသွား၏။

ရေချိုးပြီးအောက်ထပ်ကိုဆင်းဖို့လုပ်နေတုန်း Yan Haoxiangက Yan Muchenကိုပွေ့ပြီးအခန်းထဲကိုဝင်လာ၏။

Yan Muchenက သူဘက်ကိုတိုးကပ်လာပြီးနမ်းဖို့တောင်းဆိုလာ၏။

"မင်္ဂလာမနက်ခင်းပါ မေမေ"

"Baobei မင်္ဂလာမနက်ခင်းပါ~~" Zhang Zhenyuanကခေါင်းငုံပြီးသူ(Yan Muchen)ကိုနမ်းလိုက်သည်။

"ငါလည်းလိုချင်တယ်" Yan Haoxiangကအရှက်မရှိဘဲတိုးကပ်လာ၏။

"မနေ့ညကနမ်းလို့မဝဘူးလား" Zhang Zhenyuanက သူ(Yan Haoxiang)ရဲ့လက်ကိုကိုင်လိုက်ပြီးတော့ နှုတ်ခမ်းထောင့်ကိုတစ်ချက်နမ်းလိုက်၏။

"မနေ့ညကမေမေငိုတာအသံအကျယ်ကြီးဘဲ
ဖေဖေက မေမေကိုအနိုင်ကျင့်တာလား!"

"ဘယ်ကသာ Xiao Chenကမဟုတ်မှလွဲရောညီမလေးမလိုချင်ဘူးလား?"




[အသေးစိတ်အချက်အလက်တစ်ခု - Yuan Yuanလည်ပင်းမှာ ကျောက်စိမ်းတစ်ခုထဲတင်မဟုတ်ဘဲ သူနဲ့Haoxiangရဲ့လက်ထပ်လက်စွပ်လည်းရှိပါသေးသည်။]













薄荷烟吻 (Myanmar Translation)Where stories live. Discover now