Episode 10

286 15 3
                                        

"ရိပေါ် ထတော့။ဒီနေ့စာလည်းတော်တော်ပြီးပြီပဲ သွားနားတော့လေ"

အိပ်ချင်မူတူးနှင့် မျက်လုံးများကိုပွတ်ကာ သူ့ကိုကြည့်လာသော ရိပေါ်

"ကျွန်တော်မလှုပ်ချင်လောက်အောင် ပင်ပန်းနေပြိ ကိုကို။ဒီမှာပဲ အိပ်လိုက်တော့မယ်"

"ဒီလိုပုံစံနဲ့ အိပ်နေရင် မနက်ကျညောင်းနေမယ်။အိပ်ယာပေါ်သွားအိပ်လေ"

ဒယိမ်းဒယိုင်နဲ့ မိမိအိပ်ရာပေါ် ဘုန်းခနဲ ပစ်ချလိုက်ကာ အိပ်ပျော်သွားသော ရိပေါ်ရယ်။အရပ်က တော်တော်ရှည်လာပြီမို့ ရိပေ့ါ်ခန္ဓာကိုယ်က အိပ်ရာနဲ့အကိုက်ဖြစ်နေသည်
"မနက်ကျ ကျွန်တော့်ကို အစောနှိုးနော် ကိုကို လပတ်စာမေးပွဲရှိတယ်"

"စိတ်ချလက်ချအိပ် ကိုကိုနှိုးမယ်"

"ကိုကို"

"ပြောလေ ရိပေါ် "

"ကျွန်တော်ဘာပြောပြော ကိုကို ကျွန်တော့်ကိုယုံကြည်တယ်မလား"

"ရိပေါ်က ကိုကို့ကို ဘာကိုယုံစေချင်တာလဲ"

"ကျွန်တော် ကိုကို့သူငယ်ချင်း ကျဲစန်းကျီနဲ့ ဘယ်တုန်းကမှ ချစ်သူတွေအဖြစ်ခဲ့ဖူးဘူး။သူက သူ့ကောင်လေးက ခြေရှုပ်နေတော့ ကျွန်တော်နဲ့တွဲတယ်လို့ထင်အောင်လုပ်ပြီး သူ့ကောင်လေးကိုချိုးချင်တာ။သူ့ကောင်လေးက ကျွန်တော်နဲ့ ကျောင်းကစားပွဲမှာ ပြိုင်ဘက်တွေလေ။ကျွန်တော်လည်း ကိုကို ကျွန်တော့်ကို သ၀န်တိုလာမလားဆိုပြီး သူတောင်းဆိုတာကို လက်ခံခဲ့တာ"

"အွန်း ကိုကိုသိပြီ"

"ကိုကို ကျွန်တော့်ကို စိတ်ဆိုးလား"

"မင်း ကိုကို့ကို ဖွင့်ပြောတုန်းက အရင်ဆုံးပြေးမြင်မိတာ စန်းကျီကိုပဲ။အခုလို ရိပေါ်ရှင်းပြလိုက်တော့ ကိုကို စန်းကျီကို မျက်နှာပူရာမလိုတော့ဘူးပေါ့"

"အဲ့တာဆို ကိုကိုနဲ့ကျွန်တော် အတူတူရှိဖို့အတွက် ကိုကိုစဉ်းစားပေးနိုင်မလား"

"ရိပေါ် မင်အခု အသက်ငယ်ငယ်လေးရှိသေးတယ်။ခဏတာ ဖြစ်ပေါ်တဲ့ ခံစားချက်နောက်ကို ဘာလို့အတင်းလိုက်နေရတာလဲ။ပြီးတော့ ပါးကထုတ်မပြောပေမယ့် မင်အပေါ်ဘယ်လောက်မျှော်လင့်ထားလဲဆိုတာ မင်းသိတယ်မလား။ပါးကို စိတ်ပျက်အောင် မလုပ်ပါနဲ့"

Don't Leave Me (Yizhan)Where stories live. Discover now